DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဖြိုခွင်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် နော့ဒစ်နိုင်ငံများ နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်း
DVB
·
December 10, 2021
စစ်တပ်က ဖြိုခွင်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် နော့ဒစ်နိုင်ငံများ နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်း
1 / 4
Donate to DVB

ဆန္ဒပြပွဲတွေမှာ စစ်တပ်က ဖြိုခွင်းလို့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ရည်စူးပြီး နှင်းဆီပန်းတွေ ဒီနေ့ ခင်းကျင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော့ဒစ်နိုင်ငံတွေက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ရဲ့သံရုံး နော့ဒစ်ဟောက်စ်မှာ နှင်းဆီပန်း ၁၃၂၃ ပွင့်ကို ဒီနေ့ ခင်းကျင်းလိုက်တာပါ။

ဖေဖော်ဝါရီ ၁ ရက်က စပြီး လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ထိန်းသိန်းခံထားရသူတွေကို ဂုဏ်ပြုတယ်လို့ဆိုပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ သူတို့က ဆိုပါတယ်။

အေအေပီပီက ကောက်ယူရရှိထားတဲ့စာရင်းတွေအရ တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၁၃၂၃ ဦး ရှိပြီဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူ အရေအတွက် ပိုများနိုင်တယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013