DVB Logo
Home
မြန်မာသတင်း
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ICC တွင်တရားစွဲရန် ဦးတိုက်လျှောက်ထား
DVB
·
December 10, 2021
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ICC တွင်တရားစွဲရန် ဦးတိုက်လျှောက်ထား
Donate to DVB

တရားမဝင် အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ အမှုဖွင့် တရားစွဲဖို့ လန်ဒန် အခြေစိုက်တဲ့ MAP- Myanmar Accountability Project က တရားရုံးကို သက်သေတွေနဲ့ တကွ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။ 

ရောမ သဘောတူညီချက် Rome Statute ဥပဒေ ပုဒ်မ  (၁၅) အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမှုဖွင့် တရားစွဲဖို့ MAP က တောင်းဆိုလိုက်တာ ဖြစ်ပြီး၊ မြန်မာပြည်မှာ  စစ်ကောင်စီတပ်တွေက ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့ နေရာမှာ ညှဉ်းပမ်း နှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။ 

လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တရားဥပဒေမဲ့ ရာဇဝတ်မှု လုပ်ရပ်အားလုံးအတွက် အာဏာသိမ်းခေါင်းဆောင်မှာ တာဝန်ရှိတယ်လို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူးဖြစ်သူ ခရစ္စတိုဖာဂန်းနက်က ပြောပါတယ်။ 

ခရစ္စတိုဖာဂန်းနက်ဟာ ၁၉၈၈ လူထု အရေးတော်ပုံတုန်းက ဘီဘီစီရဲ့ သတင်းထောက်ဖြစ်ခဲ့ပြီး မြန်မာပြည်အရေးကို ကမ္ဘာကျော်အောင် သတင်းတင်ပြခဲ့သူအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။ 

ဘီဘီစီမှာ ၂၃ နှစ် အလုပ်လုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ မဟာဗျူဟာ အကြံပေးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

အခု သူတို့ အဖွဲ့က အိုင်စီစီၤကို တင်ပြလိုက်တဲ့ သက်သေတွေမှာ လူတစ်ဦးချင်းအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေရော၊ တရားရေးဆိုင်ရာ သုံးသပ်ချက်တွေ အသေးစိတ် ပါဝင်ပြီး၊ စစ်ကောင်စီက ညှဉ်းပမ်း နှိပ်စက်မှုတွေကို မူဝါဒ တရပ်အနေနဲ့ ကျယ်ကျုယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်နေတယ်ဆိုတာ သက်သေထင်ရှားနေတယ်လို့ ဆိုပါတယ်။

ဒါဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အိုင်စီစီက အာဏာသိမ်း စစ်ခေါင်းဆောင်ကို အမှုဖွင့်မယ့် အလားအလာ ကောင်းပြီး၊ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အခြေအနေလည်း ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် တရားစီရင်ခွင့်မရှိတဲ့ အကြောင်း မြန်မာအစိုးရ အဆက်ဆက်က အစဉ်တစိုက် ပြောနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013