DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းစိုင်ပြင်ရဲစခန်းနှင့် ရေစကြိုပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
DVB
·
December 10, 2021
ဒီပဲယင်းစိုင်ပြင်ရဲစခန်းနှင့် ရေစကြိုပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းနဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာအနီး ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းကို ဒီဇင်ဘာလ ၉ ရက် ညနေ ၆ နာရီခန့်က စစ်ကဲမှူးဆရာအောက်ချင်း ဦးဆောင်တဲ့ ဂဠုန်တပ်တော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၉ ဦးလောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်လို့ ဂဠုန်တပ်တော်က ထုတ်ပြန်ထားပါတယ်။

“စိုင်ပြင်ရဲစခန်းရှေ့က ရဲကင်းစောင့် ၄ ဦးကို ကနဦးလက်ပစ်ဗုံး ၃ လုံးနဲ့စတင်တိုက်ခိုက်ရာ ရဲနှစ်ဦးထိခိုက်သွားပြီး စခန်းထဲက ထွက်လာတဲ့ ရဲ ၆ ‌ယောက်နဲ့ အပြင်မှာ ကျန်တဲ့ ၂ ယောက် စုစုပေါင်း ရဲ ၈ ယောက်က ပြန်လည်ခုခံပစ်ခတ်နေစဉ် လက်ပစ်ဗုံး ၂ လုံးနဲ့ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ ရဲ တစ်ဦးသာ ပြန်လည်ပစ်ခတ်နိုင်ခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်အတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော်တွေအတွက် လက်စားချေတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း စစ်ကောင်စီဘက်က ရဲ ၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ဂဠုန်တပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက ပူပေါင်းတိုက်လိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ် ၂၅၈ တပ်ရင်းအနီးက ကံသစ်ကျေးရွာအနီးမှာ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက် ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDFအဖွဲ့က တာဝန်ရှိသူတစ်ဦးက  ပြောပါတယ်။

မျက်မြင်တစ်ဦးက “နေ့တိုင်းကင်းပတ်တယ်၊ ဒီနေ့မှ ပစ်သတ်ခံရတာ။ အပစ်ခံရချင်းပဲ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးသေတယ်။ နောက်တစ်ကောင်က သုံးလေးချက်လောက်မှန်တယ်။ ခဏနေတော့ လာသယ်ပြီး ရေစကြိုဆေးရုံကို တင်တယ် အခြေအနေတော့ မကောင်းနိုင်လောက်ဖူး၊ ပျူတွေကနေ့တိုင်း စစ်ဝတ်စုံတွေနဲ့ ဒီဘက် လမ်းတွေကို ကင်းပတ်နေကျ ဒီအချိန်ကို PDF ကလည်း စောင့်နေပုံရတယ်။ အဲ့မှာ ဒီကနေ့တော့ ပစ်သတ်ခံရတာ” လို့ ပြောပါတယ်။

ကျေးရွာတွေအတွင်း ချေးငွေလုပ်ငန်းတွေက ငွေကြေးကောက်ခံတာကိုလည်း ဆိုင်းငံ့ထားဖို့ ရေစကြို PDFအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ကို ဆပ်ကြေးပေးပြီး ဂျင်ဝိုင်း၊ ကြက်ဝိုင်ေတွေ ဆက်လက်မပြုလုပ်စေဖို့အတွက် Urban Underground Revolution Force-Yso အဖွဲ့က မိုင်းခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013