DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ်၌ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းများ ပြန်လည်တူးဖော်နေ
DVB
·
December 9, 2021
သံဖြူဇရပ်မြို့နယ်၌ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းများ ပြန်လည်တူးဖော်နေ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာ၊  မိန်ဗလာတောင်ရှိ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို စစ်ကောင်စီ လုပ်ပိုင်ခွင့်ပေးထားတဲ့ ပြည်တွင်းကုမ္ပဏီတခုက  ပြန်လည် တူးဖော်နေပါတယ်။

စစ်ကောင်စီဟာ မိန်ဗလာတောင်က ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို တူးဖော်ဖို့အတွက် ဥတ္တရမြေကုမ္ပဏီကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက လုပ်ကိုင်ခွင့်ပေးအပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ မိန်ဗလာတောင်က ရော်ဘာခြံ တစ်ဧကကို ဝယ်ယူပြီး ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတွေကို တူးဖော်နေတာပါ။ 

ဒါပေမဲ့ တူးဖော်မှု စီမံကိန်းဟာ အတွင်းအနက် ၆၂ ပေ ရောက်တဲ့ထိ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးဘူးလို့ သံဖြူဇရပ် အုပ်ရေးချုပ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်မှု စီမံကိန်းကို စက်ယန္တရားကြီးတွေ အသုံးပြုပြီး နေ့ညမပျက် တူးဖော်မှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကြောင့် ဒေသခံတွေက ဥယျာဉ်ခြံတွေအပေါ် တောင်မြေပြိုကျမှာနဲ့ ပတ်ဝန်းကျင် ထိခိုက်ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကို အန်အယ်လ်ဒီ အစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလတုန်းက Royal Eagle Myanmar ကုမ္ပဏီက တူးဖော်ခွင့်ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့လို့ လုပ်ငန်း ပြန်လည် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ တူးဖော်မှု စီမံကိန်းပြီးနောက် မြေချိုင့်ဝှမ်းတွေ ဖြစ်ပေါ်ပြီး ဖုံးခဲ့တာ မရှိလို့ အဲရေကန်တွေထဲမှာ ကလေးငယ် ၃ ယောက်နဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက်အပါအဝင် စုစုပေါင်း ၄ ဦး ရေနစ်သေဆုံးခဲ့ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013