DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်သစ်ပြန်ရွေးမည့် ကေအန်ယူ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဖေဖော်ဝါရီလကျင်းပမည်
DVB
·
December 9, 2021
ခေါင်းဆောင်သစ်ပြန်ရွေးမည့် ကေအန်ယူ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဖေဖော်ဝါရီလကျင်းပမည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်ပိုင်းအပါအဝင် ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်မယ့် ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဖေဖေါ်ဝါရီလမှာ ခေါ်ယူကျင်းပဖို့ ဗဟိုအမြဲတမ်းကော်မတီဝင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကေအန်ယူဗဟိုဌာနချုပ်မှာ နိုဝင်ဘာ ၂၂ ရက်မှ  ဒီဇင်ဘာ ၈ ရက်အထိကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အစည်းအဝေးမှာ  ဗဟိုကော်မတီအသီးသီးမှ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး လက်ရှိမြန်မာနိုင်ငံရေး အခြေအနေတွေ၊ ကရင်ပြည်နယ်အရေးတွေအပြင် စစ်ရေးဆိုင်ရာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ကေအန်ယူ ကွန်ကရက်ကို ၄ နှစ်တကြိမ်ကျင်းပလေ့ရှိတာဖြစ်ပြီး  အကြောင်းအမျိုးမျိုးကြောင့် လိုအပ်လာပါက နောက်ကျပြီးမှ ကျင်းပနိုင်တဲ့ ခြွင်းချက်လည်းရှိပါတယ်။ 

၁၇ ကြိမ်မြောက် ကွန်ဂရက်ဟာ ကိုဗစ် ရောဂါ ကပ်ဘေးကာလအတွင်း ကျင်းပမှာဖြစ်တာကြောင့်  ကွန်ဂရက်တက်ရောက်မယ့်သူတွေအနေနဲ့  ဒီမတိုင်ခင် ဇန်နဝါရီလလောက်မှာ  ကိုဗစ်ကာကွယ်ဆေးထိုးကြရဖို့လည်း အစီအစဉ်ရှိပါတယ်။

လာမယ့် ကွန်ဂရက်မှာ   ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၀ ဦးမြောက်  ဥက္ကဋ္ဌကို ရွေးကောက်တင်မြှောက်ဖို့ ရှိတဲ့အတွက် ခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲဆိုတာ ကရင်လူထု အသိုက်အဝန်းတွေအကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ပထမဆုံးဥက္ကဋ္ဌက စောစံဖိုးသင် ဖြစ်ပါတယ်။  ခေတ်အဆက်ဆက် ကေအန်ယူ ဥက္ကဋ္ဌတွေအဖြစ်  စောစံဖိုးသင် ၁၉၄၇ မှ မေလထိ ၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃ ၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃ ၊ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅ ၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀ ၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈ ၊ စောတာမလာဘော ၂၀၀၈ မှ ၂၀၁၂၊ စောမူတူးစေးဖိုး ၂၀၁၂ မှ လက်ရှိအချိန်အထိ တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013