DVB Logo
Home
Lead Story
ဘဏ်အရေအတွက် တိုးလာပေမယ့် ၀န်ဆောင်မှု အားနည်းနေဆဲ
DVB
·
January 20, 2014
ဘဏ်အရေအတွက် တိုးလာပေမယ့် ၀န်ဆောင်မှု အားနည်းနေဆဲ
Donate to DVB

လက်ရှိ မြန်မာနိုင်ငံမှာ ဘဏ်အရေအတွက် တိုးများလာနေပေမယ့် ငွေကြေး တောင့်တင်းမှု နည်းပါးနေသေးတာကြောင့် ဘဏ်ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပါတယ်။

[caption id="attachment_31656" align="alignright" width="610"]ကေမ္ဘာဇဘဏ် ATM စက်တွင်ေငွထုတ်ယူေနသူတဦး (ဓာတ်ပံု- ရိုက်တာ) ကေမ္ဘာဇဘဏ် ATM စက်တွင်ေငွထုတ်ယူေနသူတဦး (ဓာတ်ပံု- ရိုက်တာ)[/caption]ဇန္န၀ါရီ ၁၈ ရက်နေ့ မြန်မာနိုင်ငံဘဏ်များအသင်းရုံးမှာ ကျင်းပတဲ့ ထွန်းဖောင်ဒေးရှင်း စာပေဆုပေးပွဲမှာ သတင်းထောက်တွေကို သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ နိုင်ငံပိုင်ဘဏ် ၂၀ ၊ ပုဂ္ဂလိကဘဏ်နဲ့ ဘဏ်ခွဲပေါင်း ၄၀၀ ကျော်၊ နိုင်ငံခြားဘဏ်ရုံးခွဲ ၂၅ ခုအထိ ဖွင့်ထားနိုင်ပြီဖြစ်ပေမယ့် ငွေရေးကြေးရေး ဥပဒေ မပေါ်ထွက် သေးခြင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းတွေ လုပ်ခွင့်မရသေးခြင်းနဲ့ ပုဂ္ဂလိကဘဏ်တွ နည်းပညာ အားနည်းခြင်း စတာတွေကြောင့် ၀န်ဆောင်မှုပိုင်းမှာလည်း ကောင်းကောင်း တိုးတက်အောင် မလုပ်နိုင်သေးဘူးလို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013