DVB Logo
Home
မြန်မာသတင်း
၁၀၅ မိုင်မှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုအတွက် ကုန်ကျစရိတ်လျှော့ချရေး ဆွေးနွေး
DVB
·
December 9, 2021
၁၀၅ မိုင်မှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုအတွက် ကုန်ကျစရိတ်လျှော့ချရေး ဆွေးနွေး
Donate to DVB

နယ်စပ်ကုန်သွယ်ရေးစခန်း  မူဆယ် (၁၀၅) မိုင်ကနေ တရုတ်အရောင်းကွင်းထိ ကုန်သွယ်မှုအတွက် ကုန်ကျစရိတ် လျှော့ချကောက်ခံရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကုန်သွယ်မှုအတွက် ကုန်ကျစရိတ် လျှော့ချကောက်ခံဖို့ စီးပွားကူးသန်း တာဝန်ရှိသူတွေနဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ရှိသူတွေ၊ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ အွန်လိုင်းကနေ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဆွေးနွေးခဲ့ကြတာပါ။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူ ၁ ဦးက  "ချက်ချင်းကြီး လုပ်ရတဲ့အခါကျတော့ ကုန်ကျစရိတ်က သူတို့သတ်မှတ်တဲ့ ဈေးအတိုင်းပဲ ကျနော် ဆွေးနွေးပြီးတော့ သူတို့ ပြောတဲ့အတိုင်း ချက်ချင်းလုပ်လိုက်တာပေါ့။ ဖွင့်နိုင်အောင်ပေါ့နော်။ ဖွင့်နိုင်အောင် ဘာမှ အတိအကျ မသတ်မှတ်သေးတာ။ မနေ့ကမှ လုပ်ငန်းရှင်တွေရော ဝိုင်းပြီးတော့ ဈေးစစ်ကြတာပေါ့" လို့ ပြောပါတယ်။

မြန်မာဘက်က မြန်အောင် ကြိုးစားနေပေမယ့် အဆင်သင့် မဖြစ်တာတွေရှိနေပြီး တရုတ်ဘက်ကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး တိတိကျကျ လုပ်ပေးဖို့ မကြာမကြာ တောင်းဆိုနေတာကြောင့် နည်းနည်းကြာနေတာလို့ ဆိုပါတယ်။

ယာဉ်နဲ့ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းတွေမတော်တဆ ပျက်စီး ပျောက်ဆုံးပါက ခေါက်တိုယာဉ်မောင်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက တာဝန်ယူ၊ တာဝန်ခံရမယ်လို့ သူက ရှင်းပြပါတယ်။ 

ယာဉ်ရပ်နားခကို ပထမနေ့ ၁ ရက်အတွက် ခြောက်ဘီးတစ်စီးကို ၂,၀၀၀ ကျပ်၊ ဆယ်နှစ်ဘီးတစ်စီး ၃,၀၀၀ ကျပ်၊ နှစ်ဆယ့်နှစ်ဘီးတစ်စီး ၄,၀၀၀ ကျပ် နှုန်းသတ်မှတ်ထားပြီး  ဒုတိယနေ့ကစ ၁ ရက်ကို ၁၀၀၀ ကျပ်ကျစီ ပြန်လည်လျှော့ချကောက်ခံဖို့နဲ့ ဆေးဖျန်းခက ခြောက်ဘီးတစ်စီးကို ၃,၀၀၀ ကျပ်၊ ဆယ့်နှစ်ဘီးတစ်စီး ၅,၀၀၀ ကျပ်၊ နှစ်ဆယ့်နှစ်ဘီးတစ်စီး ၇,၀၀၀ ကျပ် ဆွေးနွေးထားတယ်လို့ သူက ပြောပါတယ်။

ရှန်တိန် (ခေါက်တို) ယာဉ်မောင်းခကို ရွှေမိုင်းယု ဆီဆိုင်မှ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် မခွဲခြားပဲ ၃၅,၀၀၀ ကျပ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကျင်းစန်းကျော့ ကုန်ချိန်းကွင်းထိ ခြောက်ဘီးတစ်စီး ၇၀,၀၀၀ ကျပ်၊ ဆယ်နှစ်ဘီးတစ်စီး ၈၀,၀၀၀ ကျပ်၊ နှစ်ဆယ်နှစ်ဘီးတစ်စီး ၉၀,၀၀၀ ကျပ်သတ်မှတ်ထားတယ်လို့ စည်းဝေး တက်ရောက်သူ ၁ ဦးက ပြောပါတယ်။

ကျင်စန်းကျော့ ကုန်ချိန်းကွင်းမှ နယ်စပ်ဂိတ်အထိ ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် မခွဲခြားပဲ ၁ စီးကို ၁၀,၀၀၀ ကျပ်၊ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ထဲက ကုန်ချိန်းကွင်းအထိ ကွန်တိန်နာနဲ့ သယ်ဆောင်ခ ယွမ် ၃၅၀၀၊ ကုန်ချိန်းကွင်းအတွင်း ကုန်နဲ့ယာဉ်ဆေးဖျန်းခ ဆယ်နှစ်ဘီးတစ်စီး ၁၅,၀၀၀ ကျပ်၊ နှစ်ဆယ့်နှစ်ဘီးတစ်စီး ၂၀,၀၀၀ ကျပ်၊ ကွန်တိန်နာ တင်/ချခ ၆၀,၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ယာဉ်ပေါ်မှ ကွန်တိန်နာပေါ် ကုန်ပြောင်းရွှေ့ အလုပ်သမားခ ၁ တန်ကို ၂,၀၀၀ ကျပ်၊ ကွန်တိန်နာငှားခ တလုံးငှားခ ၁ ရက်ကို ၂၀၀ ယွမ်ကို ၅ ရက်စာ ၁,၀၀၀ ယွမ် တခါတည်း ပေးဆောင်ရမှာဖြစ်ပြီး ရက်ကျော်လွန်ပါကလည်း ထပ်မံ ကောက်ခံခြင်းမပြုဖို့၊ ကွင်းဝင်ခ ဆယ့်နှစ်ဘီးတစ်စီး ၁၅,၀၀၀ ကျပ်၊ နှစ်ဆယ့်နှစ်ဘီးတစ်စီး ၂၀,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သူက ရှင်းပြပါတယ်။

ပို့ကုန် လုပ်ငန်းရှင် ၁ ဦးက  "အဆင်ပြေတဲ့ နှုန်းထားတော့ မဟုတ်သေးဘူး။ လားရှိုး မူဆယ် တောင် ခေါင်ကြေး ၅၀,၀၀၀ လောက်ပဲရှိတာ။ ဒီ ဆီဆိုင်နဲ့ ကုန်သွယ်ရေးဇုန် ၁ ရက်ကို ၁၀ ခေါက်လောက်ရတဲ့ဟာ။ မိနစ်ပိုင်းပဲ မောင်းရတဲ့ဟာကို ၃၅,၀၀၀ ဆိုတော့ များသေးတယ်။ နည်းနည်း သက်သာတာပဲ ရှိတယ်" လို့ ပြောပါတယ်။

အစည်းဝေးမှာ ဆွေးနွေးခဲ့တဲ့ ဝန်ဆောင်ခနှုန်းထားတွေကို ကုန်သွယ်ရေးဦးစီးဌာနက အထက်ကို တင်ပြကာ ဆက်လက် အတည်ပြုချက် ရယူသွားမယ်လို့ သိရပါတယ်။

တရုတ်ဘက်က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရာ ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၁၆ ရက်နေ့က တရားဝင် စတင် ဖွင့်လှစ်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013