Home
မြန်မာသတင်း
ဘားအံမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲ အရပ်သားပြည်သူ့ ၁ ဦး ထိမှန်
DVB
·
December 7, 2021
264093457_990450231815250_470586371285642962_n
263455455_990450121815261_2216519507755759624_n

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ  ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီလောက်က ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ့တယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမှတ် ၅ ရပ်ကွက် တက္ကသိုလ်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီး တက္ကသိုလ်မီးပွိုင့်နဲ့ အထက ၃ ကျောင်းရှေ့တို့မှာ ဗုံးတစ်လုံးဆီ ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမှတ် ၅ ရပ်ကွက် ပေါက်ကွဲမှုမှာ အရပ်သားတယောက်  ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်အနီး နေထိုင်တဲ့ပြည်သူ့တစ်ဦးက “တက္ကသိုလ်လမ်းက အသားကင်ဆိုင်နားမှာ ဗုံးတစ်လုံး စကွဲတယ်။ မကြာဘူး အရပ်ဝတ်နဲ့လူနှစ်ယောက် ဆိုင်ကယ်မောင်းထွက်လာတယ်။ လက်ထဲမှာ သေနတ်တွေပါတယ်။ မီးပွိုင့်နားမှာ ဗုံးထပ်ပစ်ချခဲ့လို့ ထပ်ကွဲတယ်။ နောက်ဆုံးတစ်လုံးက အထက ၃ ကျောင်းရှေ့မှာ ကွဲတယ်။ ဗုံးခွဲတဲ့ကောင်တွေက ဘယ်ကောင်တွေဆိုတာ ပြောဖို့တောင်မလိုဘူး။ PDF က ဒါမျိုးမလုပ်ဘူး” လို့ ပြောပါတယ်။

တက္ကသိုလ်လမ်း အသားကင်ဆိုင်အနီး အရပ်ဝတ်လူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေဗုံးနဲ့ ပစ်ချခဲ့တာကို အရပ်သားပြည်သူတစ်ဦးက ခြေထောက်နဲ့ပြေးကန်အထုတ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ခြေထောက်မှာ ထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက  ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့တွင်းနဲ့မြို့ပြင် လုံခြုံရေးယာဉ်တန်းနဲ့ လှည့်လည်သွားလာပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့  ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီလောက်ကလည်း အထက ၃ ကျောင်းရှေ့မှာ  ကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်တွေရှိနေတဲ့ကြားက ဗုံးတစ်လုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024