DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲတဲ့ ပုံစံကြောင့် တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေရန် ခက်ခဲ
DVB
·
January 19, 2014
၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲတဲ့ ပုံစံကြောင့် တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေရန် ခက်ခဲ
1 / 2
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲထားတဲ့ ပုံစံကြောင့် တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ဖို့ ခက်ခဲတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘားအံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

DASSK PhaAn 18012014 Constitution Repairဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှင်းလင်းရေးကို ကျင်းပစဉ် အခုလို ပြောခဲ့ပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားတဲ့ ပုံစံကြောင့် ကျမတို့ တပ်မတော်နဲ့ ပြည်သူအကြားမှာ ရင်ကြားစေ့ဖို့ အင်မတန်မှ ခက်နေတယ်လို့ ကျမ မြင်တာပါ။ အဲဒါကြောင့်မို့လို့ ကျမတို့ ပြင်ရမယ်။ ဒီလိုပြင်ခြင်းဟာ ပြည်သူအပေါ်မှာကော တပ်မတော်အပေါ်မှာရော စေတနာထားပြီးတော့ ကျမတို့ လုပ်ဆောင်တဲ့ကိစ္စ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုကြောင်းလည်း တိုက်တွန်းပြောဆို ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပြည်သူတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူ့ဆန္ဒ မပါခဲ့ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှင်းလင်းရေးပွဲကို တက်ရောက်လာတဲ့ ဒေသခံတဦးက “ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကို ပြင်သင့်ပါတယ်။ မပြင်ရင် ဘယ်လိုမှ မရပါဘူး။ ပြည်သူတွေ ဆန္ဒနဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင် နိုင်တဲ့ လူငယ်တွေအဖြစ် ပြုစုပျိုးထောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးတဲ့နှစ် ဒီဇင်ဘာလ တုန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူနဲ့ တပ်မတော် အကြား စိတ်ဝမ်းကွဲအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ ဒေါ်ဆန်းစုကြည်က ကော့မှူးမှာ ကျင်းပတဲ့ ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒ ရယူပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ရေး လူထုတွေ့ဆုံပွဲတွေကို မြို့ကြီးတော်တော်များများမှာ လုပ်ဆောင်ခဲ့သလို့ နယ်မြို့တွေမှာလည်း လုပ်ဆောင်လာတာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကောက်​ခံ​ရ​ရှိ​လာ​တဲ့ ​ပြည်​သူ့ဆ​န္ဒ​သ​ဘော​ထား​ကို ​စု​စည်း​ပြီး ​လွှတ်​တော်​က​ ဖွဲ့စည်း​ပေး​ထား​တဲ့ ​ဖွဲ့စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ပူး​ပေါင်း​ ကော်​မ​တီ​ကို ပေး​ပို့မှာ ​ဖြစ်​ပါ​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013