DVB Logo
Home
မြန်မာသတင်း
NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်သိန်း ၁၀၀၀ ခန့်လှူဒါန်း
DVB
·
December 7, 2021
NUG အစိုးရကို အိုဆာကာအခြေစိုက် သမဝါယမအသင်းများက ကျပ်သိန်း ၁၀၀၀ ခန့်လှူဒါန်း
1 / 9
Donate to DVB

အာဏာသိမ်း စစ်ကောင်စီအောက် မြန်မာပြည်သူအတွက် ဂျပန်နိုင်ငံ အိုဆာကာဒေသအခြေစိုက် သမဝါယမအသင်းတွေက အလှူငွေ ဂျပန်ယန်း ၆ သန်း (မြန်မာကျပ်သိန်း ၁၀၀၀ နီးပါး) ကို အမျိုးသားညီညွတ်ရေးအစိုးရ ဆီ ဒီဇင်ဘာ ၄ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အိုဆာကာသမဝါယမအသင်း ရုံးချုပ်နဲ့အိုဆာကာ ယောထိုးဂါဝါမြို့ သမဝါယမအသင်းတွေက ဂျပန်နိုင်ငံအခြေစိုက် MNSO & Kansai Group မှတဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။

အွန်လိုင်းကနေ့ပြုလုပ်တဲ့ အခမ်းအနားကို NUG အစိုးရကိုယ်စား လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ MNSO ဥက္ကဋ္ဌဒေါ်မို့မို့ဦး၊ MNSO အလုပ်အမှုဆောင်တွေနဲ့ Kansai Group က တာဝန်ရှိသူတွေ တက်ရောက်ပြီး အလှူငွေ လက်ခံခဲ့ကြပါတယ်။

အလှူငွေပေးအပ်ပွဲမှာ အမျိုးသားညီညွတ်ရးအစိုးရကိုယ်စား တက်ရောက်ခဲ့သူ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အခုလို NUG အစိုးရကို ယုံကြည်ထောက်ခံမှုအတွက် မြန်မာပြည်သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်းနဲ့ NUG အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေမှု တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

MNSO & Kansai Group ရဲ့ဥက္ကဋ္ဌ ဒေါ်မို့မို့ဦးက “ကျမတို့ အဖွဲ့အနေနဲ့ ဒီ ၆ လအတွင်း စစ်ကောင်စီအောက် အကြမ်းဖက်ခံ မြန်မာပြည်သူတွေအကြောင်းနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအကြောင်းတွေကို အိုဆာကာ ဒေသရှိသမဝါယမအသင်းအပါအဝင် ဂျပန်အနောက်ခြမ်း ခန်ဆိုင်းဒေသအတွင်းက ဂျပန်တွေ ပိုသိအောင် လှုံ့ဆော်ခဲ့ကြပြီး အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ အခုလို အလှူငွေတွေ အများကြီးရခဲ့တာလို့ ထင်ပါတယ်။ ကျမတို့အဖွဲ့အနေနဲ့ အခုလို အကြမ်းဖက် စစ်ကောင်စီအောက်က အမြန်လွတ်မြောက်အောင် တဖက်တလမ်းက ထောက်ပံ့အကျိုးပြုနိုင်ခဲ့ တာ အဖွဲ့အနေနဲ့ အရမ်းဝမ်းမြောက်မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို စစ်ကောင်စီအောက် မြန်မာပြည်သူတွေ ဒုက္ခရောက်နေချိန် ဂျပန်ပြည်သူတွေရဲ့ကိုယ်စား မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ စေတနာကို ဖော်ပြကူညီခွင့်ရလို့ အမျိုးသားညီညွတ်ရေးအစိုးကို ကျေးဇူးတင်သလို ဝမ်းသာပီတီဖြစ်ရတယ်လို့ ပေးအပ်လှူဒါန်းခဲ့တဲ့ ဂျပန် အိုဆာကာ သမဝါယမအသင်းများရဲ့ တာဝန်ခံဒါရိုက်တာ Mr. Kenji Matsuoka က ပြောပါတယ်။

လှူဒါန်းငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့နေရာတွေမှာ စိစစ်ပြီး အသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

MNSO (Myanmar Nationalities Support Organization-Japan) အဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာ၊ နာဂိုယာနဲ့ ကိုဘေး ဒေသဘက်က ဂျပန်ရောက်မြန်မာအများစုနဲ့ ဖွဲ့စည်းထားကာ အခုအချိန်ထိ အမျိုးသားညီညွတ်ရးအစိုးရကို ကျပ်ငွေ သိန်း ၅ ထောင်နီးပါး ပေးပို့နိုင်ခဲ့ပြီး ဒီထက်ပိုကြိုးစားသွားမယ်လို့ ဥက္ကဋ္ဌ ဒေါ်မို့မို့ဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013