DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် ကိုယ်စားပြုမှု ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု
DVB
·
December 7, 2021
မြန်မာအတွက် ကိုယ်စားပြုမှု ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု
Donate to DVB

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့ပါဝင်တဲ့ အရည်အချင်း စိစစ်ကော်မတီ (Credentials Committee) ကနေ ဆိုင်းငံ့လိုက်တဲ့အပေါ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုလိုက်ကြပါတယ်။

မြန်မာနိုင်ငံအတွက် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တင်သွင်းမှုနဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွက် တာလီဘန်ကိုယ်စားလှယ် တင်သွင်းမှုတွေကို အရည်အချင်းစစ် ကော်မတီကနေ ဒီဇင်ဘာ ၁ ရက်နေ့က ဆိုင်းငံ့လိုက်တာဖြစ်ပြီး  ဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက်နေ့ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  အများသဘောတူညီချက်နဲ့  အတည်ပြုလိုက်တာပါ။

ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီဘက်ကနေ ကိုယ်စားပြုခွင့်မရတော့ပဲ NUG ဘက်ကနေ ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

အခုလို ဆိုင်းငံ့မှုကို ဒီ့မတိုင်ခင်ကလည်း အရည်အချင်းစစ် ကော်မတီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား အလွတ်သဘောတူညီမှုတချို့ရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာတွေက ဖော်ပြကြပါတယ်။ 

ကုလသမဂ္ဂအရည်အချင်းစစ် ကော်မတီက ဆိုင်းငံ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဌာနကနေ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013