DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်က CDM ပညာရေးဝန်ထမ်း ၂ ဦး ကွယ်လွန်
DVB
·
December 4, 2021
သရက်ချောင်းမြို့နယ်က CDM ပညာရေးဝန်ထမ်း ၂ ဦး ကွယ်လွန်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က  CDM  ပညာရေးဝန်ထမ်း ၂ ယောက်ဟာ နေရပ်ကနေ တိမ်းရှောင်နေစဉ်  ကွယ်လွန်သွားတယ်လို့ မြို့နယ် ပညာရေးဘုတ်အဖွဲ့ထံက သိရ ပါတယ်။

ပြင်းဖြူကြီးရွာ အခြေခံပညာအလယ်ကျောင်းက မူလတန်းပြ CDM ဆရာမ ဒေါ်သီတာစန်းဟာ နိုဝင်ဘာ ၃ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က  ကွယ်လွန်သွားတာလို့ သရက်ချောင်းမြို့နယ် ယာယီ ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဆရာမဒေါ်သီတာစန်းဟာ  အာဏာဖီဆန်  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး စစ်အောဏာရှင်ရဲ့ ဖမ်းဆီးမယ့် ဘေးရန်ကနေ တိမ်းရှောင်နေရင်း အစာအိမ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူရွာက အခြေခံပညာ အလယ်တန်းကျောင်းက CDM ရုံးဝန်ထမ်း  ဒေါ်အေးအေးဝါဟာ ကိုဗစ်ရောဂါကူးစက်ခံရကာ ကိုယ်ဝန်ပျက်ကျတာကြောင့် ကွယ်လွန်ခဲ့ပါတယ်။

သူတို့ နှစ်ဦးကို   ဓမ္မဘက်က ရပ်တည်တဲ့ ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းနဲ့ CDM သူရဲကောင်းမိသားစုဝင်တွေအဖြစ် ပညာရေးဘုတ်အဖွဲ့က မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013