DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ
DVB
·
January 17, 2014
သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ
Donate to DVB

သိမ်းဆည်းထားတဲ့မြေတွေ ပြန်ရရေးအတွက် ထားဝယ်ခရိုင် ၃ မြို့နယ်က လယ်သမား ၁၀၀ လောက် ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_50403" align="alignright" width="400"]ဓာတ်ပုံ - ကိုဖြိုး (သင်္ချာ) ဓာတ်ပုံ - ကိုဖြိုး (သင်္ချာ)[/caption]ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့နယ်သုံးခုမှာ အရင်စစ်အစိုးရလက်ထက် တပ်နဲ့ ကုမ္ပဏီတွေက သိမ်းယူခဲ့တဲ့ ဧက ရာနဲ့ချီရှိတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကလည်း ဆန္ဒပြခဲ့ကြပေမယ့် တာဝန်ရှိသူတွေက ဘာမှ အရေးယူဆောင်ရွက်မပေးတဲ့အတွက် ခွင့်ပြုချက်ရယူပြီး ဒီနေ့မနက် ၉ နာရီစပြီး ထားဝယ်ကမြောကင်းကနေ အနီးတ၀ိုက် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တာလို့ လယ်သမားအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဦးသန်းဝင်းက ဆိုပါတယ်။

ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးသန်းဝင်းက “အစိုးရတရပ်ကို ဖြုတ်ချဖို့အတွက် ဆန္ဒပြခြင်းမဟုတ်ဘူး။ ဆုံးရှုံးနစ်နာနေတဲ့ လယ်သမားများကို တရားမျှတမှုရှိစွာ၊ ပွင့်လင်းမြင်သာစွာ၊ ဖြေရှင်းမှု၊ ညှိနှိုင်းမှု၊ ဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးအတွက် ဆန္ဒပြခဲ့ကြတာပါ” လို့ ပြောပါတယ်။

လယ်သမားတွေဟာ တရားဥပဒေစိုးမိုးရေး၊ မတရားသိမ်းဆည်းထားသော မြေယာများ ပြန်လည်မှတ်ပုံတင်ခွင့် ရရေး၊ မတရားသိမ်းဆည်းမြေတွေ ပြန်လည်ရရှိရေး၊ တပ်သိမ်းမြေတွေမှာ အဆောက်အအုံဆောက်ထားတဲ့ မြေတွေ လျော်ကြေးရရှိရေး၊ တောင်သူလယ်သမားများကို အမှန်တကယ်ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်ရရှိရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ လယ်ယာမြေသိမ်းဆည်းရေး ပြဿနာတွေကို တရားမျှတစွာ ဖြေရှင်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ထားဝယ်)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်လင်းလူ့အဖွဲ့အစည်း (ထားဝယ်) ကလည်း ကြေညာချက်တွေ ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013