DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ ကုန်ပို့ပြန်လာသူ စက်လှေသမားများတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
DVB
·
December 3, 2021
ဘင်္ဂလားဒေ့ရှ်မှ ကုန်ပို့ပြန်လာသူ စက်လှေသမားများတွင်  ကိုဗစ်-၁၉ ရောဂါပိုး  စစ်ဆေးတွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကုန်ပို့ပြန်လာသူ စက်လှေသမားတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးတာမရှိလို့ ကိုဗစ်ကူးစက်မှု တကျော့ပြန် များလာမှာကို ဒေသခံ ပြည်သူတွေ စိုးရိမ်နေ ကြပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ကနေ တစ်ဖက်ဘင်္ဂလားနိုင်ငံကို ကုန်ပို့ပြန်လာတဲ့  စက်လှေသမား ၉  ယောက်မှာ  ကိုဗစ်-၁၉  ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မောင်တောနယ်စပ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြီး ပြန်လာကြတဲ့ စက်လှေသမားတွေကို ကွာရန်တင်း ထားပေမယ့် ကိုဗစ်စစ်ဆေးတာမရှိလို့  မြို့ခံတွေက စိုရိမ်နေကြပါတယ်။

မြို့ခံကိုသိန်းထွန်းဦးက "အရင်တုန်းက စက်လှေပြန်ဝင်လာတာနဲ့ ကျန်းမာရေးဌာနက စစ်လှေသမားတွေ ကိုဗစ်စစ်ကို စစ်ဆေးခဲ့ကြတာပဲ၊ အခုလည်း အဲဒီလိုစစ်ဆေးရမှာပေါ့။ သူတို့ကို ကွာရန်တင်း ထားပေမယ့် အလုပ်သမားတွေနဲ့ အမြဲထိတွေနေကြလေ" လို့ ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေကနေ လေယာဉ်နဲ့ ခရီးသွားမယ့်သူ ၂ ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး တစ်ရက်တည်း စစ်တွေမှာ ကိုဗစ်ပိုးတွေ့သူ ၁၁ ယောက် ရှိခဲ့တယ်လို့ ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံကတော့ "စက်လှေသမားတွေနဲ့ အလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖြစ်တယ်။ မြို့ထဲကိုဝင်မယ့်သူကိုမှ ကိုဗစ်ပိုးစစ်ဆေးသွားမှာဖြစ်တယ်။ ဒီနေ့အထိကတော့ စစ်ဆေးတာ မရှိသေးဘူး" လို့ပြောပါတယ်။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ပေမယ့် ၂၀၂၁ အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြည်နယ်ကောင်စီအမိန့်နဲ့ ပြန်လည်ကုန်သွယ်ခွင်ပြုခဲ့တာပါ။

တဖက်နိုင်ငံကို ကုန်ပို့ပြီး ပြန်လာသူတွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိတဲ့အတွက် ကိုဗစ်စည်းကမ်း ကြပ်မတ်သင့်ပြီး ပွဲလမ်းသဘင်တွေလည်း များပြားနေတာကြောင့် ကိုဗစ်ကူးစက်မှု ပိုများလာနိုင်တာကြောင့် စိုးရိမ်စရာကောင်းတယ်လို့ မောင်တောမြို့ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က  ပြောပါတယ်။

"အလွန်စိုးရိမ်စရာပါ။ တဖက်နိုင်ငံက ကုန်ပို့ပြီးပြန်လာတာနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ စစ်ဆေးမူ ပြုလုပ်သွားရမှာဖြစ်တယ်။ အခုက မောင်တောမှာ ပွဲလမ်းသဘင်ကျင်းပမှု များနေတယ်။ ဘောလုံးပွဲ၊ ဘုရားပွဲ၊ နောက်ပြီး Mask မတတ်တဲ့ လူတွေများတယ်။ အမှန်တကယ်သာ စစ်ဆေးရင် ပိုးကတွေ့ကို တွေ့ကြဦးမှာ။"

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားတဲ့ မေ ၁၂ ရက်မှ နိုဝင်ဘာ ၃၀ ရက် အထိ ကိုဗစ် အတည်ပြုလူနာ ၅၁၇၂ ဦး၊ သေဆုံးသူ ၄၉၈ ဦးနဲ့ ဆေးရုံမှာ ကုသဆဲလူနာ ၂၀ ရှိသေးတယ်လို့ ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘင်္ဂလားဒေ့ရှ်မှ ကုန်ပို့ပြန်လာသူ စက်လှေသမားများတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ