DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်က ဗဟင်းရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်သံ)
DVB
·
December 3, 2021
မြိုင်မြို့နယ်က ဗဟင်းရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်သံ)
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗလင်းရဲစခန်းကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်သား ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ မျက်မြင် ဒေသခံတဦးက “ကလေးတွေပစ်သွားတာ တကယ့် ကျွမ်းကျင်အဆင့်ပဲ။ ဟိုဘက်ကကောင်တွေ တော်တော်လေး အထိနာလောက်တယ်။ စခန်းထဲဖြစ်နေတော့ အသေအပျောက်စာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံ ရဲနဲ့စစ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ဗဟင်းရဲစခန်းကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing PDF) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြိုင် PDF ပြန်ကြားရေးတာဝန်ခံက “စခ၊ ရခ တပ်ဆွဲထားတဲ့ ဗဟင်းစခန်းကို PDF ရဲဘော်တွေပစ်တယ်။ နောက်ပြီး ဗဟင်းရဲစခန်းကိုစစ်ကူလာတဲ့ ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ စစ်သားနဲ့ရဲ အထိအခိုက် အသေအပျောက်များပြားနိုင်တယ်။ PDF ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ဗဟင်းရဲစခန်းကို စစ်ကူလာတဲ့ FAW ကား ၁ စီးနဲ့ Mark 2 အမျိုးအစားကား ၁ စီးတို့ကိုလည်း မြိုင်မြို့အထွက်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ Mark 2 ကားဟာ မောင်းမရအောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိသွားကြသေးတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ဗဟင်းရဲစခန်းနဲ့ ကား ၁ စီး တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင်ဖို့ မြိုင်မြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြိုင်အနောက်ပိုင်းလမ်းတွေပေါ်မှာ မိုင်းလို့ယူဆရတဲ့ ပစ္စည်းတွေ မြေမြှုပ်ထားတယ်လို့ သိရတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိရှိစွာခရီးသွားကြဖို့၊ ကျန်းမာရေးနဲ့ အလွန်အရေးကြီးတဲ့ ကိစ္စတွေကလွဲပြီး ကားတွေနဲ့ခရီးသွားခြင်းမပြုလုပ်ကြဖို့ Myaing PDF က ထုတ်ပြန်ကြေညာထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရလို့ ၈ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013