DVB Logo
Home
Lead Story
ဆင်းရဲမှုကြောင့် အိမ်ထောင်စု ၃ ပုံ ၁ ပုံ အခြားအရပ်ကို ပြောင်းရွှေ့
DVB
·
January 17, 2014
ဆင်းရဲမှုကြောင့် အိမ်ထောင်စု ၃ ပုံ ၁ ပုံ အခြားအရပ်ကို ပြောင်းရွှေ့
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ စီးပွားရေး အဆင်မပြေမှု တွေကြောင့် အိမ်ထောင်စု ၃ ပုံ ၁ ပုံနီးပါးနဲ့ ညီမျှတဲ့ ၃၁ ရာခိုင်နှုန်းဟာ အခြားမြို့ရွာတွေကို ပြောင်းရွှေ့သွားကြတယ်လို့ အိုင်အန်ဂျီအိုအဖွဲ့ ဖြစ်တဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ (Save The Children) ရဲ့ အကြံပေးတာဝန်ခံ မစ္စစ်ဗစ်တိုးရီးယားက ပြောပါတယ်။

poorဇန်န၀ါရီ ၁၆ ရက်နေ့က ရန်ကုန် ဗိုလ်တထောင်မြို့နယ် နယ်စပ်စည်ပင်ရိပ်သာမှာ လုပ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ပြုစုတဲ့ “အပူပိုင်းဇုန်ဒေသရဲ့ စားနပ်ရိက္ခာ ဖူလုံမှု၊ ဆင်းရဲ နွမ်းပါးမှုနဲ့ အာဟာရ အခြေအနေ လေ့လာတွေ့ရှိချက်” စာတမ်း သတင်းထောက်တွေကို ရှင်းလင်းတဲ့ပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အပူပိုင်းဇုန်ဒေသက ပြည်သူ ၁၈ ရာခိုင်နှုန်း စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့ နေရပြီး၊ အိမ်ထောင်စု ၂၆ ရာခိုင်နှုန်းကျော်ဟာလည်း ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ဒါကြောင့်ပဲ ၅ နှစ်အောက် ကလေး ၄ ပုံ ၁ ပုံဟာ ကာလကြာရှည် အာဟာရ ချို့တဲ့မှု ဝေဒနာ ခံစားနေရတယ်လို့ ဒဗလျူအက်ဖ်ပီရဲ့ တာဝန်ရှိသူကလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013