DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းရုံးခန်းကို စစ်ကောင်စီပြန်သိမ်း
DVB
·
December 2, 2021
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းရုံးခန်းကို စစ်ကောင်စီပြန်သိမ်း
Donate to DVB

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ငှားရမ်းထားတဲ့ ရုံးခန်းကို ပြန်လည်အပ်နှံဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားလာတာကြောင့် အသင်းရုံးခန်းနဲ့ ရုံးလုပ်ငန်းတွေကို ယာယီရပ်နားလိုက်ရတယ်လို့ အသင်းရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းကို အန်အယ်လ်ဒီအစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့အညီ  တရားဝင်အသင်းအဖွဲ့အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက်  အသင်းရုံးခန်းကို ရန်ကုန်မြို့ ပန်းဆိုးတန်း(အလယ်) ပန်းဆိုးတန်းတာဝါရှိ  အမှတ် ၁၇၃/၁၇၅၊ အခန်းအမှတ်(၆၀၀)မှာ ၁ လကို ကျပ် ၂ သိန်းခွဲနှုန်းနဲ့ ငှားရမ်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။

အခုတော့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက အဆိုပါရုံးခန်းကို  ဆက်လက်ငှားရမ်းနိုင်ခြင်း မရှိတော့ကြောင်းနဲ့ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး အခန်းကို ပြန်လည်အပ်နှံဖို့ အကြောင်းကြားစာပေးပို့လာပါတယ်။

ဒါကြောင့် အသင်းရုံးခန်းကို တခြားနေရာသို့ ပြောင်းရွှေ့ငှားရမ်းဖွင့်လှစ်မှာ ဖြစ်ပြီး  အသင်းရံပုံငွေတွေဟာလည်း  ဘဏ်မှထုတ်ယူဖို့ အခက်အခဲရှိနေလို့ အသင်းရုံးခန်းနဲ့ ရုံးလုပ်ငန်းတွေကို ယာယီရပ်နားထားမယ်လို့  မြန်မာနိုင်ငံကာတွန်းဆရာများအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို အသင်းရုံးခန်းရွေ့ခိုင်းခံရတာနဲ့  ပတ်သက်ပြီး ကာတွန်းပညာရှင်တဦးကတော့ “အဲ့နေရာမှာ ကျနော်တို့အသင်းရုံးခန်းဖွင့်ထားတာ ၃နှစ်ရှိပြီပေါ့။ ငှားရမ်းခက တလ ၂သိန်းခွဲနဲ့လေ။ ကျန်တဲ့ ရေဖိုးနဲ့ လျှပ်စစ်မီးဖိုးကတော့  ကိုယ့်ဘာသာထပ်စိုက်ပေါ့။ ဒါက ပြန်ကြားရေးဌာနပိုင် အခန်းလို့ ပြောတယ်။ အခု သူတို့က ဆက်မငှားတော့ဘူး ပြောတော့ အခန်းပြန်ရှာတာပေါ့ဗျာ။ အသင်းဆိုတော့ ပစ္စည်းတွေကလည်း များတယ်နော်။ ရှာရဖွေရတာ နည်းနည်းတော့ ခက်တာပေါ့။ ခေတ်ကြီးကလည်း ကျပ်တည်းနေတဲ့ကာလဆိုတော့လေ။ အဲ့ဒီ့အဆောက်အအုံမှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနဲ့ မြန်မာနိုင်ငံစာရေးဆရာများအသင်းလည်း ရှိတယ်။ အဲ့ဒီ့အသင်းတွေကတော့ အခန်းဖယ်ပေးရတဲ့ အထဲမှာ မပါဘူး။ ကျနော်တို့ အသင်းတခုတည်း ဖယ်ပေးရတယ်လို့ကြားတယ်။ ဆိုတော့ ကာတွန်းဆရာတွေကို ကြည့်မရလို့ အခန်းကနေ နှင်ထုတ်တာလားပေါ့နော်။ ဘာလို့လဲဆို ဖယ်ရမယ်ဆိုရင် ကျန်တဲ့အသင်း တွေလည်းရှိတယ်လေ” လို့ပြောပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းကို အသင်းဝင်တွေရဲ့ လစဉ်ထည့်ဝင်ကြေးတခုတည်းနဲ့သာ ရပ်တည်လည်ပတ်နေ တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ရာပြည့်တွေများတယ်ဗျ။ ကာတွန်းကလည်း ရာပြည့်လေ။ အဲ့တုန်းက လှူဒါန်းတာလေးရှိခဲ့လို့ ကျနော်တို့ ရံပုံငွေလေး ရခဲ့တာ ရှိတယ်ဗျ။ ကာတွန်းနဲ့ပတ်သက်ပြီး နှစ်သက်မြတ်နိုးတဲ့လူတွေက လှူတာပါ။ ပြီးတော့ ကျနော်တို့ အသင်းဝင်ဦးရေက ၂၀၀ စွန်းစွန်းရှိပါတယ်။ ဆိုတော့ အသင်းဝင်တွေက လစဉ်ကြေး ထည့်ဝင်တာတွေ ရှိတယ်။ အဲ့ဒါနဲ့ ကျနော်တို့အသင်းကို ရပ်တည်နေတာပေါ့နော်” လို့ ကာတွန်းပညာရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကာတွန်းဆရာတွေလည်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့ကြတာကြောင့် ဖမ်းဝရမ်းထုတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း ကာတွန်းဆရာတွေဟာ  အခက်အခဲအကျပ်အတည်းတွေကြားက လူထုဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကို ကာတွန်းတွေရေးဆွဲ ဆန့်ကျင် တော်လှန်နေကြဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013