DVB Logo
Home
Lead Story
နီပေါလူကုန်ကူးမှု တိုက်ဖျက်ရေး သူရဲကောင်း
DVB
·
January 17, 2014
နီပေါလူကုန်ကူးမှု တိုက်ဖျက်ရေး သူရဲကောင်း
Donate to DVB

နီပေါနိုင်ငံမှာ လူကုန်ကူးခြင်းဟာ ပြ​ဿနာကြီးတရပ်ဖြစ်နေတာ အချိန်အတော်ကြာနေပါပြီ။

ချာရီမာယာ တာမန်ဟာ သူ့အသက် ၁၆ နှစ်လောက်မှာ လိင်အလုပ်သမတယောက်အဖြစ် ရောင်းချခံခဲ့ရပါတယ်။ သူဟာ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချပြီး လူကုန်ကူးမှုကို တိုက်ဖျက်မယ့် အန်ဂျီအို အဖွဲ့အစည်း ရှက်တီ ဆာမူဟာ အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ လိင်လုပ်သားဟောင်းတွေလည်း ပါဝင်လုပ်ဆောင် ကြပါတယ်။

Nepal_Anti-trafficking_Activist_web_140111_672မနှစ်တုန်းကတော့ အဲဒီ အန်ဂျီအိုအဖွဲ့ဟာ အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ သတ်မှတ်ခေါ်တွင်ကြတဲ့ ဂုဏ်ယူစရာ ရေမွန်မက်ဆေးဆေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

လူကုန်ကူးခြင်းကို တိုက်ဖျက်ဖို့ လိင်လုပ်သားဘ၀ကနေ လွတ်မြောက်လာခဲ့တဲ့ လူဟောင်းတွေ ဖွဲ့စည်းလုပ်ကိုင်နေကြတဲ့ အန်ဂျီအို ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ ဥက္ကဋ္ဌ ဆူနီတာ ဒါနူဝါ က “ကျမတို့က လူကုန်ကူးတာတွေကို သတိထားမိတာတွေ များလာ မြင့်လာအောင် လုပ်ဆောင်ဖို့ ဦးတည်ထားပါတယ်။ နောက်ပြီးတော့ ကျမတို့ဟာ သူတို့ရဲ့ အိမ်တွေ၊ ရွာတွေကို မပြန်နိုင်တဲ့သူတွေအတွက် ခိုနားစရာလေးတွေ စီစဉ်ပေးနိုင်မယ့် ဘေးကင်းလုံခြုံမယ့် နေအိမ်တွေကိုလည်း ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မီးနီပြအဆင့် သတ်မှတ်ခံထားရတဲ့ နာမည်ကျော် ကာမာတာပူရ်ခရိုင်ကို လိင်အလုပ်သမအဖြစ် ရောင်းချခံခဲ့ရ ဆူနီတာက “ကျမတို့ ကြုံခဲ့ရတဲ့ ပြဿနာတူတွေကို နောက် တခြား ဘယ်မိန်းကလေးငယ်တွေကိုမှ မကြုံစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျမ ဒီအန်ဂျီအိုအဖွဲ့ကို တည်ထောင်ခဲ့တာပါ။ ခုဆို ကျမတို့ အန်ဂျီအိုအဖွဲ့ဟာ ဒီအဖြစ်ဆိုးတွေကနေ လွတ်မြောက်လာသူတွေကိုယ်တိုင် တည်ထောင်ထားတဲ့ ကမ္ဘာ့ပထမဆုံး လူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့အစည်းပဲလို့ ကျမတို့ ပြောနိုင်ပါပြီရှင်” လို့ ပြောပါတယ်။

ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ကို တည်ထောင်သူ ချာရီမာယာ တာမန်ဟာ သူ ၁၆ နှစ်အရွယ်မှာ အဲဒီပြည့်တန်ဆာအိမ်ကို ပို့ဆောင်တာ ခံခဲ့ရပါတယ်။ သူ အဲဒီမှာ ၂ နှစ်လောက် လုပ်ကိုင်နေခဲ့ရပြီး နောက် အိန္ဒိယအစိုးရက သူနဲ့ တခြား နီပေါလ်အမျိုးသမီး ၂၀၀ ကို ကယ်တင်ခဲ့ပါတယ်။

ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ကို တည်ထောင်သူ ချာရီမာယာ တာမန် က “ကျမ အဲဒီနေ့ကို မှတ်မိနေတုန်းပါပဲရှင်။ ကျမတို့ အလုပ်လုပ်နေရတဲ့ နေရာကို ရဲတွေ ရုတ်တရက်ရောက်လာတာ ၁၉၉၆ ဖေဖော်ဝါရီလ ၅ ရက်နေ့ပါ။ ကျမက နေ့လည်စာ စားနေတာလေ။ နောက်တော့ ရဲစခန်းကို ခေါ်သွားတယ်။ ကျမ ကြောက်သွားတာပေါ့။ ဒါပေမယ့် အဲဒီနေ့က ကျမဘ၀ကို အလင်းရောင် ပေးလာတဲ့နေ့ပါပဲ”လို့ ဆိုပါတယ်။

ချာရီမာယာ တယောက် နီပေါလ်ကို ပြန်ရောက်လာပြီးနောက်မှာတော့ နောက်ထပ် သူ့လို လွတ်မြောက် လာသူ ၁၅ ယောက်ရဲ့ အားပေးကူညီမှုတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အန်ဂျီအိုအဖွဲ့တခုကို တည်ထောင်ခဲ့ပါတယ်။

ချာရီမာယာ က “အဲဒီအချိန်တုန်းက ကျမတို့ကို လက်ခံဖို့ ဘယ်သူမှ အဆင်သင့် မဖြစ်ကြသေးပါဘူး။ ဒါကြောင့် ကျမတို့ စည်းလုံးညီညွတ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမတို့ အဲဒီမျက်ရည်တွေကို အင်အားတွေအဖြစ် ပြောင်းလဲပစ်ချင်ခဲ့ကြတာပါ”လို့ ပြောပါတယ်။

ဒါပေမယ့် ပထမပိုင်းမှာတော့ ကိစ္စတွေက မလွယ်လှပါဘူးလို့ အန်ဂျီအိုအဖွဲ့ ဥက္ကဋ္ဌ ဆူနီတာက ပြန်ပြောင်း ပြောပြပါတယ်။

“အစပိုင်းတုန်းကတော့ စိန်ခေါ်မှုတွေက အများကြီးပါပဲ။ ကျမတို့တွေ ကျမတို့ရဲ့ အတွေ့အကြုံတွေကိုတောင် မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် ခုတော့ ကျမတို့ကို လူ့အဖွဲ့အစည်းက လက်ခံလာကြပြီး အစိုးရကလည်း ကျမတို့ကို အသိအမှတ်ပြုလာပါပြီ”

ပထမဆုံးအကြိမ်မှာတော့ ချာရီမာယာဟာ သူ့ကို အဓမ္မ ခေါ်ဆောင်သွားခဲ့တဲ့ အိမ်နီးချင်းတွေကို တိုင်ကြားထားတဲ့ ရာဇ၀တ်မှုကို တင်ခဲ့ပါတယ်။ အဲဒီအမှုအတွက် လူ ၄ ယောက် ထောင် ၁၀ နှစ် ကျသွားပါတယ်။

ဘ၀တူသမားတွေကို ကူညီဖို့ ရှက်တီ ဆာမူဟာ အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်တယ်လို့ ချာရီမာယာက အခုလို ပြောပါတယ်။

“ကျမတို့က စိတ်ပိုင်းဆိုင်ရာ အားပေးမှုတင် ပေးတာ မဟုတ်ပဲ ကျူးလွန်ခံရသူတွေအတွက် ဥပဒေရေးအရ ကူညီမှုကိုလည်း ပေးပါတယ်။ ကျမတို့ အကူအညီပေးတာတွေ ရပြီးနောက်မှာ တချို့လွတ်လာသူတွေကလည်း လူကုန်ကူးသူတွေကို ပြန်ပြိး အမှုစွဲနိုင်ဖို့ တင်ခဲ့ပါတယ်။ နောက်ပြီး လွတ်လာတဲ့သူတွေအတွက်လည်း ကျမတို့ အဖမ်းအဆီး လွတ်တဲ့ လုံခြုံဘေးကင်းတဲ့ အိမ်လေးတွေ စီစဉ်နေပြီးတော့ အဲဒီမှာ သူတို့တွေ ခဏတော့ ကာလတို မှီခိုနေထိုင်နိုင်ပါတယ်။ ကျမတို့က ကျူးလွန်ခံရသူတွေအတွက် တရားရေးကူညီမှုတွေလည်း ပေးပါတယ်။ ဒါပေမယ့်လည်း လုံတော့ မလုံလောက်ဘူးပေါ့လေ။ ဒီကျူးလွန်ခံရသူတွေကို ရေရှည် အထောက်အပံ့ ပေးနိုင်ဖို့ကတော့ ရံပုံငွေတွေ ပိုပြီး လိုအပ်နေတာပေါ့လေ။ အစိုးရကလည်း ကျမတို့ကို အထောက်အပံ့တချို့ ပေးပါတယ်။ ဒါပေမယ့်လည်း မလုံလောက်ပါဘူးရှင်။”

ချာရီမာယာနဲ့ အဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပက ချီးမြှင့်ကြတဲ့ ဆုတံဆိပ်တွေ ရရှိခဲ့တာကြောင့် ဆက်လက် အသိအမှတ်ပြု ခံခဲ့ရတာပါ။ ၂၀၀၇ ခုနှစ်မှာ နီပေါအစိုးရက ချီးမြှင့်တဲ့ ပထမဆုံး ဆုကို ချာရီမာယာ ရရှိခဲ့ပါတယ်။ နောက်ပြီး မနှစ်တုန်းကတော့ နီပေါနိုင်ငံမှာ လူမှောင်ခိုကူးခြင်းနဲ့ အမျိုးသမီးတွေကို တရားမ၀င် ကုန်ကူးခြင်းတွေကို တိုက်ဖျက်တဲ့အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ရေမွန်မက်ဆေးဆေး ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

ချာရီမာယာက “ကျမတို့ကို ပြည့်တန်ဆာအိမ်တွေကနေ ကယ်တင်ခံရပြီး ကိုယ့်နိုင်ငံကို ပြန်လာနိုင်အောင် ကြိုးစားနေတုန်းက ကျမတို့ကို ကျမတို့အစိုးရက လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ ကျမတို့ကို အစိုးရကိုယ်တိုင်ကတောင် ဂုဏ်ပြုခဲ့ပါပြီ။ ဒါဟာ ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်းတွေက ၀ိုင်းချီးမြှောက်အားပေးကြတာပါ။ ဒီတော့ ကျမတို့ အလုပ်တွေ ပိုပြီးလုပ်လာနိုင်အောင် အားတွေ ရှိလာပါတယ်”လို့ ပြောပါတယ်။

နီပေါနိုင်ငံမှာ လူကုန်ကူးခြင်းနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက် မရှိပါဘူး။ ဒါပေမယ့် အန်ဂျီအိုအတော်များများက အခိုင်အမာ ပြောတာကတော့ နီပေါနိုင်ငံကနေ တရားမ၀င် လူကုန်ကူးခံရတဲ့ အမျိုးသမီးက တနှစ်ကို အယောက် ၅ ထောင်လောက် ရှိတယ်လို့ ချာရီတာက ဆိုပါတယ်။

“ကျမ ပြည့်တန်ဆာအိမ်မှာ ၂၂ လ နေခဲ့ရတုန်းက လတိုင်းလိုလို နီပေါအမျိုးသမီးတွေကို ခေါ်သွင်းလာတာပါပဲ။ တချို့ဆို အသက် ၁၀ နှစ်လောက်ပဲ ရှိကြသေးတယ်။ တချို့ဆိုလည်း မုဆိုးမတွေပေါ့။ နီပေါက အမျိုးသမီးတွေ လူကုန်ကူးခံရတာတွေကို ပိုပြီး သတိပြုမိလာအောင်၊ နားလည်သဘောပေါက်လာအောင် လုပ်ဆောင်ဖို့အတွက် ကျမအသက် ရှင်အောင်နေဖို့ ကျမ ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရွာမှ ပိုက်ဆံရအောင်လို့ သမီးမိန်းကလေးတွေကို အိန္ဒိယကို ပို့တဲ့အလေ့ ရှိတာကိုး။”

ရေရှည် ရင်ဆိုင်တိုက်သွားရမယ်လို့ ယုံကြည်ထားကြောင်း ချာရီမာယာက ပြောပါတယ်။

“ဒါတွေကို ပိုပြီး နားလည်သဘောပေါက်လာအောင် ကျမတို့ ကြိုးစားလုပ်ဆောင်နေသလို၊ အစိုးရပိုင်းက ကြိုးစားနေပါတယ်။ ဒါပေမယ့်လဲ ဒါမျိုးကို ထိန်းချုပ်နိုင်ဖို့ အများကြီး ပိုလုပ်ဖို့လည်း လိုအပ်နေပါတယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဆူနီးလ် နိုပါနီးက ခတ္တမန္ဒုကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013