DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂတွင် မြန်မာအတွက် ကိုယ်စားပြုသူရွေးချယ်မှု ဆိုင်းငံ့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူမည်
DVB
·
December 2, 2021
ကုလသမဂ္ဂတွင် မြန်မာအတွက် ကိုယ်စားပြုသူရွေးချယ်မှု ဆိုင်းငံ့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူမည်
Donate to DVB

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူနေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်ရွေးချယ်ရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တဲ့အတွက် လက်ရှိ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ 

အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီမှာ ကိုယ်စားပြုခွင့် လျှောက်ထားမှုတွေထဲက ဆွေးနွေးရာမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အာဖဂန်နစ္စတန်မှာ တကျော့ပြန် အာဏာရခဲ့တဲ့ တာလီဘန်တွေရော၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီပါ   ကုလသမဂ္ဂမှာ  နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားပါတယ်။ 

“ဒီ ၂ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်”လို့ ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီးက နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ  ဒီဇင်ဘာ ၁ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  

Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြတာပါ။

ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013