DVB Logo
Home
မြန်မာသတင်း
NAC စင်တာရှိ HIV/AIDS ဝေဒနာရှင်များ ဆေးဝါးကုသမှုနှင့် အစားအစာအခက်အခဲ ရင်ဆိုင်နေရ
DVB
·
December 1, 2021
NAC စင်တာရှိ HIV/AIDS ဝေဒနာရှင်များ ဆေးဝါးကုသမှုနှင့် အစားအစာအခက်အခဲ ရင်ဆိုင်နေရ
Donate to DVB

လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ရှိ  NLD AIDS Center မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း HIV/AIDS ဝေဒနာရှင်တွေအတွက် ဆေးဝါးကုသမှုနဲ့ အစားသောက်အခဲအခဲတွေ ရင်ဆိုင်နေကြရတယ်လို့ အဲဒီစင်တာမှာ နေထိုင်တဲ့ ဝေဒနာရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ NAC စင်တာမှာ မိဘမဲ့ကလေး ၈၉ ယောက်နဲ့ လူကြီး အယောက်  ၇၀ လောက်ရှိနေပြီး  ကလေးငယ်တွေနဲ့ လူနာတွေအတွက် နေ့စဉ်စားသောက်ဖို့အတွက် အလှူရှင်နည်းပါးလာတဲ့အတွက်အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။

“အခက်အခဲကတော့ရှိတယ်။ လောလောဆယ် ကျနော်တို့ကတော့ ဒီလိုပဲ ရုန်းကန်နေရတာပေါ့။ စားဝတ်နေရေးအခက်အခက်က အတော်လေးရှိတယ်။ အလှူရှင်ကလည်း နည်းတယ်ဆိုတော့လေ။ အခက်အခဲ တအားတွေ့တယ်။ အစ်မ (ဒေါ်ဖြူဖြူသင်း) တို့လည်းမရှိတော့လေ ကျနော်တို့လည်း နောက်ပိုင်းမှာ ကိုယ့်ဟာကိုပဲ ရုန်းကန်နေရတယ်။ အလှူရှင်တွေလာတယ်ဆိုရင်လည်း ကိုယ်ဘာသာကိုယ် ချွေချွေတာတာလေးနဲ့ ရှိတာလေးနဲ့ နောက် ကျနော်တို့ ခြံထဲမှာ အသီးအရွက်စိုက်တာလေးနဲ့ ကိုယ်ထူကိုယ်ထနဲ့ စားသောက်တာရှိတယ်။ ”

NLD AIDS Center ကို အဓိက တည်ထောင်ကူညီပေးနေတဲ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ဘေးရန်ကြောင့် တိမ်းရှောင်နေရကာ  အလှူရှင်တွေလျော့နည်းလာသလို လာလှူသူမရှိတော့ပဲ အခက်အခဲရင်ဆိုင်ကြုံတွေ့နေကြရတာပါ။

HIV ပိုးကူးစက်ခံရသူတွေ နေ့စဉ်သောက်နေတဲ့ ဆေးတွေကတော့ အစိုးရဆေးရုံတွေမှာ သွားရောက်ထုတ်ယူလို့ ရသေးတဲ့အတွက် အဆင်ပြေနေသေးပေမယ့် ဆေးကုသမှုခံယူတဲ့နေရာမှာ အခုနောက်ပိုင်း အခက်အခဲတွေဖြစ်နေရတယ်လို့လည်း ပြောပါတယ်။

“ကုသရေးအပိုင်းမှာ နည်းနည်းအခက်အခဲရှိတယ်။ တခုခုဖြစ်ရင် ကျနော်တို့ ဆေးရုံတင်ဖို့ကိစ္စက နည်းနည်းတော့ ခက်ခဲတယ်။ ဆေးရုံမှာ သိပ်ပြီးတော့ လက်မခံဘူးလေ။  ”

၂၀၂၁ ခုနှစ်အတွင်းမှာ အဆိုပါစင်တာမှာ ကလေးငယ် တယောက်နဲ့  လူကြီးတယောက် သေဆုံးခဲ့ပါတယ်။

ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်းမြိုနယ်မှာ မိဘမဲ့ကလေးတွေနဲ့  HIV/AIDS  ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ထားတဲ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်လုပ်ကိုင်နေတဲ့ NLD AIDS CENTER(NAC) ကို အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဝင်ရောက်ရှာဖွေ နှောင့်ယှက်ခဲ့တဲ့အတွက်  အလှူရှင်တွေဆီက အကူအညီရရှိမှု  နည်းပါးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ HIV ကူးစက်ခံနေရသူပေါင်း ၂၄၀,၀၀၀ ရှိပြီး ဒီအထဲမှာ အသက် ၁၅ နှစ်နဲ့အထက် အမျိုးသား ၁၄၀,၀၀၀၊ အသက် ၁၅ နှစ်နဲ့အထက်အမျိုးသမီး ၈၈,၀၀၀ နဲ့ အသက် ၁၅ နှစ်အောက်ကလေး ၁,၁၀၀၀ ပါဝင်တယ်လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့  "မညီမျှခြင်းတာတွေကို ရပ်တန့်ပြီး အေအိုင်ဒီအက်စ်ရောဂါကို အဆုံးသတ်ကြမယ် - End Inequalities. End AIDS."လို့ သိတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီဆောင်ပုဒ်အရ လတ်တလော ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြတဲ့ HIV ကူးစက်ခံရသူသူတွေနဲ့ အေအိုင်ဒီအက်စ်ရောဂါကို ပိုမိုပျံ့ပွားစေတဲ့ မညီမျှမှုတွေကို အတူတကွ ရင်ဆိုင်တားဆီးကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးက တိုက်တွန်းထားသလို အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားသူတွေကို ထိခိုက်စေတဲ့  ကိုဗစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013