DVB Logo
Home
မြန်မာသတင်း
အာဆီယံဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမည်
DVB
·
January 17, 2014
အာဆီယံဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမည်
1 / 5
Donate to DVB

အာဆီယံဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ်နေတဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ဖို့နဲ့ အာဆီယံနိုင်ငံတွေအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းအောင် လုပ်ဆောင်ရေး ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။

ပုဂံမြို့မှာ ဒီနေ့ စတင် ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအကြို သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ဒီကိစ္စတွေအပေါ် အားလုံးသဘောတူညီလက်ခံနိုင်တဲ့ အမြင်တခုကို ဆွေးနွေးပြီး ကမ္ဘာကို စည်းလုံးညီညွတ်တဲ့အကြောင်း ပြသမယ်လို့လည်း ဆိုပါတယ်။

မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွနဲ့ အာဆီယံနိုင်ငံတွေကြား ဆက်သွယ်ဆက်ဆံရေး တိုးမြှင့်အောင် ဆောင်ရွက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အဆင့်မြင့် အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပဖို့လည်း မြန်မာက အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံထားတဲ့ကာလအတွင်းမှာ နေပြည်တော် ကြေညာစာတမ်းတစောင် ထုတ်ပြန်သွားဖို့လည်း ရှိပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ သူတို့ရဲ့ ပြည်တွင်းရေး အခြေအနေတွေကြောင့် နိုင်ငံခြားရေး ဒုဝန်ကြီးတွေပဲ တက်ရောက်လာပါတယ်။

ပြီးခဲ့တဲ့နှစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာဆီယံအဖွဲ့မှာ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်ပြီး အရှေ့တီမောက အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲဖြစ်ပါတယ်။

[gallery ids="50366,50367,50368,50369,50370"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013