DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီ-ဒီဇယ် တင်သွင်းခွင့် အောင်နန်းသာကုမ္ပဏီ ရရှိ
DVB
·
January 16, 2014
ဓာတ်ဆီ-ဒီဇယ် တင်သွင်းခွင့် အောင်နန်းသာကုမ္ပဏီ ရရှိ
Donate to DVB

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို တရားဝင် ဓာတ်ဆီ-ဒီဇယ် တင်သွင်းခွင့် ကိုယ်စားလှယ်အဖြစ် မြ၀တီအခြေစိုက် အောင်နန်းသာ ကုမ္ပဏီလီမိတက်က ရရှိခဲ့ပါတယ်။

မြ၀တီအခြေစိုက် အောင်နန်းသာ ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ဘန်းဂျာ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံဘက်ကို တရားဝင် ဓာတ်ဆီ တင်သွင်းခွင့်ရခဲ့တာပါ။

Petrolအောင်နန်းသာ ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ကိုက “တရားဝင် လုပ်ရတာကတော့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီကို ကျနော်တို့က လိုက်ပြီး ဆောင်ရွက်ပေးရမှာပါပဲ။ နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရှိသွားလိမ့်မယ်။ ရသင့်တဲ့ အခွန်အခတွေ ပိုပြီးတော့ ရသွားလိမ့်မယ်ပေါ့” လို့ ပြောပါတယ်။

အရင်က မြန်မာနိုင်ငံဘက် သောင်းရင်မြစ်ကို ဖြတ်ပြီး ပိုက်တွေနဲ့ သွယ်ယူခဲ့ကြပေမယ့် အခုတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ်ကနေ တရားဝင် အခွန်ပေးဆောင်ပြီး တင်သွင်းခွင့် ရတာပါ။

ဦးအောင်ကိုက “အခုအချိန်မှာ တရားဝင် ၀ယ်ခြင်းဖြင့် နိုင်ငံတော်က လိုင်စင်လုပ်တာလည်း မြန်ပါတယ်။ ဂျူတီဆောင်ရတာလည်း မြန်တဲ့အတွက်ကြောင့် သိပ်ပြီး ထူးထူးခြားခြား အခက်အခဲတော့ မရှိလှဘူး” လို့ ပြောပါတယ်။

ရန်ကုန် မန္တလေး နေပြည်တော်ထိ ဂတ်စ်ဆိုလင်း နိုင်တီဖိုက်တွေ တင်သွင်းမယ်လို့လည်း ပြောပါတယ်။ အောင်နန်းသာ ကုမ္ပဏီအနေနဲ့ မြ၀တီဘက်ကို ဓာတ်ဆီ-ဒီဇယ်ဆီ ပထမဆုံး တရားဝင် တင်သွင်းတဲ့ ကုမ္ပဏီ ဖြစ်ပြီး တခြား ဒီလုပ်ငန်းကို လုပ်ကိုင်နေသူတွေလည်း အခုလို တရားဝင် တင်သွင်းသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်လို ပိုက်တွေနဲ့ သွယ်သွင်းတာထက် ပိုလုံခြုံကြောင်း၊ ဒါပေမယ့် ပိုက်နဲ့ သွယ်တဲ့လူတွေ များနေဦးမယ်ဆိုရင်တော့ တရားဝင်အခွန်ပေးဆောင်ပြီး တင်သွင်းသူတွေ အတွက် အရှုံးတွေ့နိုင်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013