DVB Logo
Home
မြန်မာသတင်း
လယ်ဝေးတွင် သကြားစက် ချွတ်ယွင်းမှုကြောင့် ကြံတောင်သူများ အခက်တွေ့
DVB
·
January 16, 2014
လယ်ဝေးတွင် သကြားစက် ချွတ်ယွင်းမှုကြောင့် ကြံတောင်သူများ အခက်တွေ့
Donate to DVB

လယ်ဝေးမြို့နယ်ထဲမှာ ရှိတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရဲ့ သကြားစက်ချွတ်ယွင်းနေပြီး သတ်မှတ်နှုန်းအတိုင်း မကြိတ်နိုင်တဲ့အတွက် ခုတ်ပြီးကြံတွေနဲ့ ကြံတောင်သူတွေ အခက်တွေ့နေရပါတယ်။

Sugar mill 2နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ထဲက တောင်စဉ်အေး သကြားစက်ဟာ မူလက တန်ချိန် ၁၅၀၀ ကြိတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာ စက်ချွတ်ယွင်းနေတဲ့အတွက် တနေ့ကို တန်ချိန် ၁၀၀၀ လောက်ပဲ ကြိတ်နိုင်တဲ့အတွက် ကြံသွင်းနေတဲ့ တောင်သူတွေ အခက်ကြုံနေရတာပါ။

ကြံတောင်သူတဦးက “ကြံတန် ၁၂၀၀ ၀ယ်မယ်လို့ ပြောပြီး မ၀ယ်နိုင်တဲ့အတွက် ကြံတောင်သူနဲ့ ကားသမားတွေ အရမ်းနစ်နာနေရပါတယ်။ ကားသမားတွေလည်း တရက်မှတကြောင်း၊ ၂ ရက်မှတကြောင်း ရနေပါတယ်။ စက်ရုံဝမှာ ကြံကားတွေ အများကြီး တန်းထားရပါတယ်။ ဒါကြောင့်မို့ ကြံတောင်သူတွေ အနေနဲ့ အချိန်မီရောင်းချချင်ပေမယ့် ရောင်းချမရပါဘူး။ အဲဒီအတွက် ရာသီဥတုက ပူပြင်းတဲ့ကာလ ရောက်လာတဲ့အတွက် ကြံတွေက အရမ်းခြောက်သွေ့ပြီး အလေးချိန်တွေ လျော့ကျတယ်” လို့ ပြောပါတယ်။

တောင်သူတွေအနေနဲ့ သကြားစက်ကို မပို့ခင် ၃ လေး ၅ ရက် ကြိုတင်ပြီး ကိုယ့်အပိုင် ဒိုင်မှူးဆီမှာ ခုတ်လို့ ရမရ သွားမေးရတာတွေ၊ ကြိုတင်ခွင့်ပြုချက် တောင်းခံရတာတွေ လုပ်ရပေမယ့် အခုလို မကြိတ်နိုင်တဲ့အခါမှာ ခုတ်ပြီးသား ကြံပင်တွေနဲ့ စက်ရုံဝမှာ တန်းစီစောင့်ရင်း ကြံတင်ကားတွေလည်း ဌာနငွေသွင်းဖို့ အခက်တွေ့နေရပြီလို့ ပြောပါတယ်။

ကြံကားဒရိုင်ဘာတဦးက “ကျနော် မနက်ခင်းကတည်းက ရောက်နေတာ။ မနက်ခင်းကနေ တခါတလေကျရင်တော့ ညအိပ်ရင် အိပ်ရတယ်။ နောက်နေ့ ညနေခင်းမှ ချရင်ချရမယ်။ ဌာနသွင်းဖို့ ပိုက်ဆံ မမီပါဘူး။ ဌာန သွင်းရမှာက အပ်ပင် ကားဆို ၃ သိန်း ၇ သောင်း သွင်းရပါတယ်။ စခန်းပြောင်းဆို ၂ သိန်း ၇ သောင်း သွင်းရပါတယ်။ ရိုးရိုးကားဆိုရင် ၂ ၂ သိန်းနဲ့ သုံးသောင်းထိ သွင်းရပါတယ်။ အဲလို ဌာနပုံစံအကြွေးလည်း မကျေတဲ့အပြင် ကျနော်တို့ ယာဉ်မောင်းတွေမှာ ကားတွေလည်း ပျက်စီးပါတယ်။ လမ်းကလည်းဆိုး၊ ပုံစံပြည့် ဘယ်လိုမှ ရှာမရဘူး။ ဆီကလည်း ၁ ဂါလန် ၄ ထောင်နဲ့ ၀ယ်ထည့်ရတာ။”

ကြံ ၁ ဧကကို စိုက်ပျိုးစရိတ် ၄ သိန်းခွဲကနေ ၅ သိန်းထိ ရှိပြီး ပျမ်းမျှ တန်ချိန် ၃၀ ခန့် ထွက်ရှိပါတယ်။

ကြံခုတ်ခက ကြံတတန်ကို ကျပ် ၂ ထောင်နှုန်းပေးရပြီး စက်ရုံကနေ ကြံတတန်ကို ကျပ် ၃ သောင်းနှုန်းနဲ့ ၀ယ်ယူခဲ့ပေမယ့် အခုအချိန်မှာတော့ စက်ရုံက သတ်မှတ်နှုန်းအတိုင်း မကြိတ်နိုင်တဲ့အတွက် ကြံတွေ မသွင်းရဘဲ လေလွင့်မှုနဲ့ ကြုံနေတာပါ။

အဲဒီသကြားစက်ကို လယ်ဝေး အနောက်ဘက်နဲ့ တောင်ဘက်မှာ ရှိကြတဲ့ ကြံစိုက်တောင်သူ ၅,၀၀၀ လောက်က ကြံတင်သွင်းနေတာ ဖြစ်ပြီး သကြားစက်က ခန့်အပ်ထားတဲ့ အ၀ယ်ဒိုင် ၂၅ ယောက် ရှိပါတယ်။

စက်ရုံထဲမှာ တပ်ဆင်ထားတာတွေက တရုတ်စက်အဟောင်းတွေ ဖြစ်နေလို့ အခုလို မကြာခဏ ပျက်နေရတာလို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013