DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကားမှောက်၊ မြန်မာအလုပ်သမား ၁ ဦး သေဆုံး
DVB
·
January 16, 2014
ထိုင်းတွင် ကားမှောက်၊ မြန်မာအလုပ်သမား  ၁ ဦး သေဆုံး
Donate to DVB

မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ထိုင်းနိုင်ငံ မဲဆောက်ကနေ မဟာချိုင်ကို သွားတဲ့ကား တိမ်းမှောက်ပြီး ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရသွားပါတယ်။

အဲဒီအလုပ်သမားတွေဟာ တာ့ခရိုင် မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်အသွား ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန် မြို့နယ် ထာ့ဖုထရာရပ်ကွက် ဖာ့ဟွန်ယိုးထင်းလမ်းပေါ်မှာ ကားမှောက်မှုနဲ့ ကြုံတွေ့ခဲ့တာလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

[caption id="attachment_50350" align="alignright" width="300"]ဓာတ်ပုံ - Manager Online ဓာတ်ပုံ - Manager Online[/caption]ဇန်န၀ါရီ ၁၄ ရက်နေ့ ညသန်းခေါင်မှာ ကားမှောက်ခဲ့တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်မြို့နယ်ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေး အရာရှိ ဗိုလ်မှူး နခွန်းဆိုင်အုတ်က သတင်းထောက်တွေကို ပြောကြားပါတယ်။

တာဝန်ကျ ရဲဝန်ထမ်းတွေနဲ့ အတူ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ရာမှာ ငွေရောင် ဟိုင်းလပ်ကား ၁ စီး မီးလောင် ပျက်စီးနေပြီး ကားပေါ်ပါလာသူ ခရီးသည် စုစုပေါင်း ၆ ဦးလုံး ပြင်းထန်စွာ ဒဏ်ရာရရှိနေတယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦးတို့ ပါရှိပြီး အမျိုးသားဟာ ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားတယ်လို့ ရဲစခန်းအရာရှိက ပြောပါတယ်။

ကျန်သူတွေမှာ ခြေကျိုးသူ၊ လက်ကျိုးသူတွေနဲ့ မြို့နယ်ဆေးရုံကြီးမှာ ကုသမှု ခံယူနေကြောင်း၊ ယာဉ်မောင်းသူ ထိုင်းအမျိုးသားတော့ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသူ နိုင်းထ၀ိ နိုင်ကောင်လိုင်ရဲ့ ထွက်ဆိုချက်အရ ကားပေါ်ပါလာသူတွေဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး မဟာချိုင်ကို သွားဖို့ ဖြစ်ကြောင်း၊ လမ်းခရီးမှာ မော်တော်ကား ဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျသွားကြောင်း၊ အဲဒီမှာ ကရိန်းကား ရောက်လာပြီး ကားကို ပြန်ဆွဲတင်ဖို့ ကြိုးစားနေတုန်း ဂက်စ်ယိုစိမ့်ပြီး ကား ၁ စီးလုံး မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိအပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013