DVB Logo
Home
မြန်မာသတင်း
ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
January 16, 2014
ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
Donate to DVB

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ အမှတ် ၂ အထည်စက်ရုံမှာ အလုပ်သမား ၃၀၀ လောက် ဇန်န၀ါရီလ ဒီကနေ့ညနေ ၃ နာရီကစပြီး ဆန္ဒပြနေကြပါတယ်။

[caption id="attachment_50346" align="alignright" width="300"]ဓာတ်ပုံ - Lu Sein Thit Facebook ဓာတ်ပုံ - Lu Sein Thit Facebook[/caption]

ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံကို ပုဂ္ဂလိက လွှဲပြောင်းရာမှာ ၀န်ထမ်းတွေအတွက် ဘ၀အာမခံချက်မရှိတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမား ကိုဇော်ထက်က ပြောပါတယ်။

“ဆန္ဒပြုတုန်းကတော့ အားလုံးအစစအရာရာ လုပ်ပေးမယ်လို့ ကတိခံပြီးမှ တကယ်လည်း အော်ဒါတွေလည်း ထွက်ရော ဘာမှခိုင်လုံမှုမရှိဘူး။ အစိုးရကနေ ပုဂ္ဂလိကကို လွှဲတုန်းက ၂ သီးစားလုပ်ကြပါ၊ လက်ရှိခံစားနေတဲ့ လစာ ၃ သောင်းအတိုင်း သူတို့ ပေးပါ့မယ်၊ လွှဲပေးပါ့မယ်ဆိုပြီး ဆန္ဒပြုခိုင်းတယ်။ ကျနော်တို့ဝန်ထမ်းတွေလည်း ဒီမှာ အခြေကျတာ ကြာပြီဆိုတော့ မပြောတော့ဘူး။ အရင်တိုင်း ခံစားရမယ်ဆိုပြီး လုပ်ကြတာ။ အခု အော်ဒါထွက်လာတော့ အရင်လစာအတိုင်း ခံစားခွင့် မရဘူး။ လစာကိစ္စလည်း ဆွေးနွေးတုန်းတဲ့။ ဘာမှ ခိုင်လုံတိကျမှုမရှိဘူး။”

ဆန္ဒပြရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အလုပ်သမး ကိုဇော်ထက်ကို မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013