DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့ ထုတ်ပြန်
DVB
·
November 30, 2021
ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့ ထုတ်ပြန်
Donate to DVB

၂၀၂၁ ခု ခရစ္စမတ်ပွဲတော်မြတ်နဲ့ ခရစ်နှစ် ၂၀၂၂ ခု နှစ်ကူးပွဲရက်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘုရားကျောင်းတွေမှာအလှဆင်တာ မလုပ်ဖို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မကြာခင်မှာ ကျရောက်မယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက်တွေမှာ ခရစ္စမတ် သီချင်းတွေသီဆိုတာ၊  ခရစ္စမတ် ဓမ္မသီချင်းတွေကို ဆောင်းဘောက်တွေဖွင့်တာတွေ  မပြုလုပ်ဖို့၊ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည်ခံပွဲ စတာတွေ မကျင်းပဖို့ ၊ ဘုရားရှိခိုးကျောင်းတွေမှာ အရင်နှစ်တွေကလို  မီးတွေအဆင်တန်ဆာတွေ ပြင်ဆင်ပူဇော်ခြင်းမလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး မန္တလေး ဂိုဏ်းချုပ် သာသာနာပိုင်ဆရာတော်ရဲ့ အတွင်းရေးမှူး ဖာသာ ပီတာက “ စာထုတ်ပြန်ရတာက အခု သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ၂ လပိုင်းကတည်းက ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့အကုန်လုံးက သူ့အခက်အခဲနဲ့သူ ဒုက္ခရောက်ခဲ့တယ်ပေါ့နော်။ အဲဒီမတိုင်ခင်ကလည်း ကိုဗစ်က တဘက် အခု ပိုပြီးတော့ ဆိုးတာပေါ့နော်။ အဲလိုအခြေအနေမျိုးမှာ ကျနော်တို့က ခရစ္စမတ်ကို ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးကျင်းပတာထက် ကျနော်တို့ဘာသာရေး အထွဋ်အမြတ်ဖြစ်တဲ့ မစ္ဆားတရားနာယူခြင်းနဲ့ မစ္ဆားပူဇော်ခြင်းနဲ့ ကျင်းပဖို့ပေါ့နော်။ အပေါ်ယံ ပျော်ပွဲ ရွှင်ပွဲတွေမလုပ်တော့ဘူး။ ခရစ္စမတ် မီးဆင်တာတွေ မလုပ်တော့ဘူးပေါ့နော်။”  လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ခရစ္စမတ်ပွဲတော်ကျင်းပတာနဲ့ ပတ်သက်ပြီးလည်း   မိမိတို့ မိသားစုရဲ့ ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ မတင်ဖို့လည်း  အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဖာသာ ပီတာက “ အဲဒါကတော့ ကျနော်တို့ အမှန်တကယ်ကတော့ ထိန်းညှိပေးတာပေါ့နော်။ တချို့ကျနော်တို့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဘူးဆိုပေမယ့် တချို့ကျတော့ ကိုယ့် မိသားစုနဲ့ကိုယ် ကျင်းပချင်တာမျိုးတွေ ရှိမှာပေါ့နော်။ ဒါကတော့ ကျနော်တို့အနေနဲ့ မလုပ်နဲ့လို့ ပြောခွင့်မရှိဘူးပေါ့နော်။ ကျနော်တို့ အနေနဲ့က ဘာသာရေးခေါင်းဆောင် ဒီလို ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ လမ်းညွှန်ချက်ပေးတာပေါ။ တကယ်လို့ ကိုယ့်မိသားစုနဲ့ကိုယ် ခရစ္စမတ်ပွဲတွေ ကျင်းပမယ်ဆိုရင်လည်း သူများတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်က အဲလို အပျော်အပါးတွေ ကျနော်တို့ ရည်ရွယ်တာက ခရစ္စမတ်ကာလမို့ ခရစ္စမတ်ပေါ့နော်၊ ကျန်တဲ့အချိန်မှာလည်း သူတို့နဲ့အတူ suffering with together ပေါ့နော်။ ကျနော်တို့ မြန်မာပြည်သူပြည်သား ဒုက္ခရောက်တဲ့အချိန်မှာ ကျနော်တို့ ပျော်ပွဲတွေကို မလုပ်ချင်ဘူး။ ဒါပေမဲ့ စောစောက ပြောသလိုမျိုး မိသားစုအနေနဲ့ ဒီလို ခရစ္စမတ်ပွဲတွေ ဘာညာ ကျင်းပကောင်းကျင်းပလိမ့်မယ်။ ကိုယ်က ကျင်းပခဲ့ရင်ဆိုတောင်မှ သူတပါးကို ကိုယ်ချင်းစာခြင်းအားဖြင့် ပြသတဲ့အနေနဲ့ ဒီလို မီဒီယာတွေပေါ်မှာ ဝေမျှတာမလုပ်ဖို့ ကျနော်တို့ကတော့ လမ်းညွှန်ချက်ပေးတာပေါ့နော်။ ” လို့ ပြောပါတယ်။

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်မှာ သာသနာနယ် ၄၀ ရှိပြီး အသင်းသူအသင်းသား ၂၀၀၀၀ ကျော်ရှိတယ်လို့  ဖာသာ ပီတာက ပြောပါတယ်။

ဒီလိုအလားတူပဲ ဒီနှစ် ခရစ္စမတ်ရာသီမှာ ဘုရားကျောင်း၊ လမ်း၊ အိမ်တွေအလှဆင်တာမပြုလုပ်ဖို့၊ စားသောက်ပွဲတွေမကျင်းပဖို့ ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်းအလှဆင်တာကို ဒီနှစ်မပြုလုပ်ဖို့၊ အသင်းတော်နဲ့ ရပ်ကွက်တွေမှာ ခရစ္စမတ်နေ့စုဝေးကာ ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာ မလုပ်ဖို့ ဒီဇင်ဘာလအကြိုနဲ့ နှစ်သစ်ကူးပွဲတွေမပြုလုပ်ဖို့၊ ဓမ္မအမှုတော်ဆောင်တွေလည်း ရုံးနဲ့ တခြားနေရာတွင် ခရစ္စမတ်ပွဲဖိတ်ကြားခံရင် မပါဝင်ဖို့ ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယအဖွဲ့ကလည်း ဒီနှစ် ခရစ္စမတ်ပွဲတော်ကျင်းပမယ့် ကုန်ကျစရိတ်တွေကို ဒုက္ခခံနေရတဲ့ အငယ်ဆုံးသောသူတွေအတွက် စိတ်အားထက်သန်စွာ အတူတကွပါဝင်ပေးလှူကြဖို့ အလေးအနက် မေတ္တာရပ်ခံကြောင်း နိုဝင်ဘာလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ််းပြည်နယ်ထဲက ကက်သလစ် ခရစ္စယာန် ဘုရားကျောင်းတွေကို စစ်ကောင်စီတပ်တွေက  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

Photo Credit -

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013