DVB Logo
Home
မြန်မာသတင်း
ပါကစ္စတန်တွင် ယာဉ်တိုက်မှုဖြစ်၊ ကျောင်းသား ၂၀ အနည်းဆုံး သေဆုံး
DVB
·
January 16, 2014
ပါကစ္စတန်တွင် ယာဉ်တိုက်မှုဖြစ်၊ ကျောင်းသား  ၂၀ အနည်းဆုံး သေဆုံး
Donate to DVB

ပါကစ္စတန်တောင်ပိုင်းမှာ ကျောင်းကားတစီးကို ကုန်ကားတစီးက ဇန်န၀ါရီ ၁၅ ရက်နေ့မှာ တိုက်မိခဲ့လို့ အနည်းဆုံး ကျောင်းသားကလေး အယောက် ၂၀ သေဆုံးတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

[caption id="attachment_50338" align="alignright" width="298"]ဒဏ်ရာရ ကျောင်းသားငယ်အချို့ကို ဆေးရုံပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ) ဒဏ်ရာရ ကျောင်းသားငယ်အချို့ကို ဆေးရုံပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption]

ဆင်းဒ်ခရိုင် နာယဘ်ရှားမြို့မှာ ဒီမတော်တဆမှု ဖြစ်ခဲ့ တာပါ။ ကျောင်းသားတွေဟာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်ကြား ကလေးတွေလို့ ဂေါင်သတင်းဌာနက အစီရင်ခံပါတယ်။

တိုက်မိချိန် ကျောင်းကားပေါ်မှာ ကလေးဘယ်လောက် ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တချို့ဒဏ်ရာရ ကလေးတွေရဲ့ အခြေအနေက အသည်းအသန်ဖြစ်နေတယ်လို့ ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးရုံက တာဝန်ကျဆရာဝန်တွေကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ဆိုပါတယ်။ ကုန်ကားမောင်းသူကိုတော့ ရဲတွေက လောလောဆယ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013