DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာနိုင်ငံသားပိုင် တရားမ၀င် ဆေးခန်းကို ဖမ်းဆီး
DVB
·
January 16, 2014
မဲဆောက်တွင် မြန်မာနိုင်ငံသားပိုင် တရားမ၀င် ဆေးခန်းကို ဖမ်းဆီး
Donate to DVB
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ တရားမ၀င် ဆေးခန်းဖွင့်ပြီး  ကလေးပါ ဖျက်ချပေးတယ်ဆိုတဲ့  မြန်မာနိုင်ငံသားပိုင် ဆေးခန်းတခုကို ထိုင်းရဲတွေ ၀င်ရောက် ဖမ်းဆီးခဲ့ပါတယ်။
Untitled-3 copyမဲဆောက်မြို့ မြူနီစီပယ်ရပ်ကွက် အီစလမ်လမ်းသွယ် ၂ ထဲမှာ တရားမ၀င်ဆေးခန်းဖွင့် ထားကြောင်း၊ ကြိုတင်သတင်းပေးပို့ချက်အရ  တာ့ခရိုင် လ၀က ရဲမှူးကြီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက  ဇန်န၀ါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
အဲဒီဆေးခန်းကို ၀င်ရောက်ဖမ်းဆီးခြင်း မပြုခင် အရင်ဆုံး လူနာစေလွှတ်ပြီး ကုသထောက်လှမ်းခဲ့သေးကြောင်း၊ ဆေးခန်းဝင်ရောက်စီးနင်းရာမှာ အလုံးရေ ထောင်နဲ့ချီတဲ့  သောက်ဆေး၊ ထိုးဆေးတွေရော ခွဲစိတ်ကုသကိရိယာ အချို့ပါ ဖမ်းမိခဲ့တယ်လို့ ခရိုင်လ၀က ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေကို ရှင်းလင်းပြောပြပါတယ်။
ဒါ့အပြင် လူနာမှတ်တမ်းစာအုပ်နဲ့ ဘတ်ငွေ ၂ သိန်း၊ တရားမ၀င် ထီလက်မှတ်စာအုပ်တွေ နဲ့ နောက်ထပ် ဘတ်ငွေ ၅ သိန်းကျော်၊ စုစုပေါင်း ထိုင်းဘတ်ငွေ ၇ သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း၊ စာရင်းဇယားစာအုပ်တွေအရ လုပ်ငန်းလည်ပတ်ငွေ ဘတ် ၄ သန်းကျော် ရှိကြောင်း ရဲမှူးကြီးက ပြောပါတယ်။
အဲဒီဆေးခန်းမှာ တနေ့ကို ပျမ်းမျှ လူနာ ၁၀ ဦးလောက် ရောက်လာကြောင်း၊ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ယခင်က ကိုယ်ဝန်ဖျက်ခြင်းကိုပါ ဆောင်ရွက်ပေးပေမယ့် ခုနောက်ပိုင်း အဖမ်းဆီးခံရမှာ စိုးတာနဲ့ မြန်မာပြည်ထဲကို ပြန်ခေါ်ပြီး ဆောင်ရွက်ပေးတယ်လို့ စုံစမ်းသိရှိရကြောင်း ရဲမှူးကြီးက ပြောပါတယ်။
အမှုကို လိုအပ်သလို အရးယူဆောင်ရွက်ဖို့ နောက်ထပ်စုံစမ်း စစ်ဆေးမှုတွေ  ပြုလုပ်သွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013