DVB Logo
Home
မြန်မာသတင်း
မူဆယ်- ရွှေလီ ၀င်ပေါက်ကို နိုင်ငံတကာဝင်ပေါက်အဖြစ် အဆင့်မြှင့်မည်
DVB
·
January 16, 2014
မူဆယ်- ရွှေလီ ၀င်ပေါက်ကို နိုင်ငံတကာဝင်ပေါက်အဖြစ် အဆင့်မြှင့်မည်
Donate to DVB

လာမယ့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာ-တရုတ် နယ်စပ်၊ မူဆယ် - ရွှေလီ ၀င်ထွက်ပေါက်ကို နယ်စပ် ၀င်ထွက်ဂိတ်ပေါက်အဆင့်ကနေ နိုင်ငံတကာ ၀င်ထွက် ဂိတ်ပေါက်အဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

China Border 2ဇန်န၀ါရီ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၀၁၄ -၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာဂိတ်ပေါက်အဖြစ် ပြင်ဆင် သတ်မှတ်ပြီးရင် သက်ဆိုင်ရာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ တရုတ်နဲ့ နိုင်ငံခြားသားတွေဟာ မြန်မာဗီဇာ ရယူပြီး ၀င်ထွက်မှု လုပ်နိုင်မှာ ဖြစ်သလို မြန်မာပြည်အနှံ့အပြားကို သွားလာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်ထဲက ဘယ်ထွက်ပေါက်ကနေ မဆို ပြန်လည် ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

လ၀က ၀န်ကြီးဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ် ၂၆ ရက်နေ့ကစပြီး မြန်မာ-ထိုင်း နယ်စပ် တာချီလိတ် - မဲဆိုင်၊ မြ၀တီ - မဲဆောက်၊ ကော့သောင်း - ရနောင်း၊ ထီးခီး- ဖူနာရွန် နယ်စပ်ဂိတ်တွေကို နိုင်ငံတကာဝင်ထွက်ပေါက်တွေအဖြစ် ခွင့်ပြုပေးခဲ့ပြီး ၄ လအတွင်း ခရီးသည် ၅၅၀၀ ကျော် ၀င်ထွက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရှင်းပြခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013