Home
သတင်းဓာတ်ပုံ
ကချင်တိုင်းရင်းသားများ ‘ကျေးဇူးတော် ချီးမွမ်းခြင်း’ ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ် (ဓာတ်ပုံ)
DVB
·
November 28, 2021
IMG_8260
IMG_8258
IMG_8247
IMG_8245
IMG_8246
IMG_8230
IMG_8233
IMG_8232

မိုးကုန်လို့ ဆောင်းဝင်လာတဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ကချင်ပြည်နယ်က ပြည်သူတွေဟာ စိုက်ပျိုးထားတဲ့ တောင်ယာစပါး၊ လယ်ယာစပါးတွေနဲ့ ကောက်ပဲသီးနှံတွေကို မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တက်ညီလက်ညီ ရိတ်သိမ်းကြပါတယ်။

ဆန်စပါး၊ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတဲ့ အချိန်မှာတော့ ခရစ်ယာန်အများစု ဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေဟာ မိမိတို့ရိတ်သိမ်းရရှိတဲ့ ဆန်စပါး၊ ကောက်ပဲသီးနှံတွေကို ဦးဦးဖျားဖျား ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းဖို့ သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြပါတယ်။ 

အခုနှစ်မှာတော့ ကိုဗစ်ကာလဖြစ်တာကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်း အစီအစဉ်တွေကို ကိုဗစ် စည်းကမ်းနဲ့ အညီပြုလုပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024