DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားအ၀င်များသဖြင့် ပုဂံယွန်းထည် အရောင်းသွက်
DVB
·
January 15, 2014
နိုင်ငံခြားသားအ၀င်များသဖြင့် ပုဂံယွန်းထည်  အရောင်းသွက်
Donate to DVB

နိုင်ငံခြားသား ခရီးသွားတွေ မြန်မာနိုင်ငံကို ၀င်ရောက်မှု များပြားလာနေတဲ့အတွက် ပုဂံမှာ ယွန်းထည် လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေရဲ့ ယွန်းထည်ပစ္စည်းတွေ အရောင်းရ သွက်နေပါတယ်။

Youm Shopစီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာမှာ အသုံးပြုတဲ့ ဗီဇာ၊ မာစတာ စတဲ့ ခရက်ဒစ် ကတ်တွေကနေ တဆင့် ငွေချေးဝယ်ယူလို့ ရတဲ့အတွက် ရောင်းအား မြင့်တက်ခဲ့တယ်လို့ ပုဂံက ယွန်းထည် ရောင်းချတဲ့သူတွေက ပြောပါတယ်။

အရင်နှစ်ကထက်စာရင် ရောင်းအား ထက်ဝက်မြင့်တက်ခဲ့သလို ခရက်ဒစ်ကတ်တွေကို အသုံးပြုပြီး ငွေပေးချေရာမှာ အခက်အခဲမရှိကြောင်း ပုဂံမြို့ ထွန်းယွန်းထည်လုပ်ငန်းတခုရဲ့ မန်နေဂျာ ဒေါ်ဥမ္မာက ရှင်းပြပါတယ်။

“ရောင်းအားကောင်းတယ်။ အရင်တုန်းက ကတ်တွေမဆွဲရဘူး။ ဒီနှစ်ကျတော့ စီဘီဘဏ်တို့နဲ့ ချိတ်ဆက်ပြီး ကတ်ဆွဲထားတော့ ဧည့်သည်တွေက ၀ယ်ကြတာပေါ့။ အရင်တုန်းက လက်ငင်းပေးဖို့ ပိုက်ဆံက ပါမလာဘူး။ ကတ်တွေ ထုတ်ပြတာ ကျမတို့ နားမလည်ဘူး။ ဒီနှစ်တော့ အဲဒီဘဏ်တွေနဲ့ ချိတ်လိုက်တော့ ကတ်တွေနဲ့ဆိုတော့ အရောင်းအ၀ယ် ပိုတက်တယ်။ ခရက်ဒစ်ကတ်တွေနဲ့ လုပ်လိုက်တော့ အရောင်းအ၀ယ် အဆင်ပြေတယ်။ ”

ယွန်းထည်လုပ်ငန်းဟာ ပုဂံဒေသရဲ့ လက်မှု လုပ်ငန်းဖြစ်ပြီး နိုင်ငံခြားသားတွေက မြန်မာတွေထက် ပိုမိုဝယ်ယူကြသလို သူတို့နိုင်ငံတွေမှာ ဆိုင်လာရောက်ဖွင့်လှစ်ဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အာနန္ဒာ ဘုရားမြောက်ဘက်မုခ်စောင်းတန်းမှာ မျိုးဆက် ၃ ခုတိုင်တိုင် ယွန်းထည်တွေကို ရောင်းချလာတဲ့ မအေးအေးမြင့်ကတော့ နိုင်ငံခြားသားတွေက ယွန်းထည်ကို ပိုမိုအ၀ယ်များသလို အဲဒီထဲမှာ အီတာလျံ၊ ဂျာမန်တွေက ယွန်းထည်တွေကို ပိုအ၀ယ်များတယ်လို့ ပြောပါတယ်။

“သူတို့က တအားကြီး လိုချင်နေတာ။ ဧည့်သည်တွေမလာတော့ ကိုယ်က တအားရောင်းချင်တယ်။ အခုက နှစ်တိုင်းတွေထက် ပိုပြီး ရောင်းနေရတယ်။ ဧည့်သည်တိုင်းကို ၀ယ်စေချင်တယ်။ ဒါပေမယ့် ဧည့်သည်တိုင်းတော့ ဘယ်ဝယ်မလဲ။ ပုဂံယွန်းထည်ပဲ လုပ်တာဆိုတော့ ဆိုင်မျှပြီး ၀ယ်ကြမှာပေါ့။”

အာနန္ဒာဘုရား စောင်းတန်းမှာလည်း ဆယ်နဲ့ ချီတဲ့ ယွန်းထည်ဆိုင်တွေ ရောင်းချနေသလို ပုဂံမြို့ထဲမှာလည်း လုပ်ငန်းနဲ့အတူ ဆိုင်တွေကို တွဲလျက်ဖွင့်ထားကြတာပါ။

ပုဂံမြို့ ထွန်းယွန်းထည်လုပ်ငန်းက လုပ်ငန်းတာဝန်ခံ ကိုအောင်လွင်က ယွန်းထည်ပစည်းတခုကို ၆ လနီးပါး အချိန်ပေးလုပ်ဆောင်ရတာ ဖြစ်ပြီး အမြတ်တနိုး ၀ယ်ယူသွားတဲ့အတွက် ၀မ်းသာမိတယ်လို့ ပြောပါတယ်။

“ကိုယ်လုပ်တဲ့ပစ္စည်း ဧည့်သည်တွေက ၀ယ်တော့ ၀မ်းသာတာပေါ့။ လူများနဲ့မတူအောင် လုပ်တာ၊ ဧည့်သည်ကြိုက်တာဆိုတော့ ပိုပြီး ၀မ်းသာတယ်။ ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013