DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်တွင် ပဲလွန်းဖြူဈေးနှုန်း ယခင်နှစ်ထက် ဈေးကောင်းရရှိ
DVB
·
November 28, 2021
မန္တလေးဈေးကွက်တွင် ပဲလွန်းဖြူဈေးနှုန်း ယခင်နှစ်ထက် ဈေးကောင်းရရှိ
Donate to DVB

မန္တလေးပဲဈေးကွက်ထဲကို ပဲလွန်းဖြူတွေ နှစ်တိုင်းထက် အချိန်စောဝင်ရောက်လာပြီး ပြည်တွင်းဝယ်လက်တွေက မနှစ်ကထက် ငွေကျပ် ၃ သောင်းကျော်အထိ ဈေးပိုပေး ဝယ်ယူနေတယ်လို့ မန္တလေးပဲကုန်သည်တွေဆီက သိရပါတယ်။

ဒီနှစ်မှာ မနှစ်က ကာလတူအချိန်ထက် ပဲလွန်းဖြူ တစ်အိတ်ကို ငွေကျပ် ၁ သိန်း ၂ သောင်းပေါက်ဈေးရှိခဲ့ပြီး ဒီနှစ်မှာတော့ ၁ သိန်း ၅ သောင်း၊ ၁ သိန်း ၅ သောင်း ၅ ထောင် လောက်အထိ ပေါက်ဈေးပေးဝယ်ယူနေကြတယ်လို့ သိရပါတယ်။ 

မနှစ်က ကာလတူအချိန်ထက် ဒီနှစ်မှာ ပဲလွန်းဖြူဟာ တစ်ပတ်လောက် စောပေါ်ပြီး ပေါ်ဦးပေါ်ဖျားမှာ ပြည်တွင်းတရုတ်ဝယ်လက်တွေက ဝယ်ယူနေတဲ့အတွက် ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။

မန္တလေးက ပဲကုန်သည်တစ်ဦးက “ဘာလို့ကောင်းသတင်းလို့ ပြောရလဲဆိုတော့ ပဲလွန်းဖြူက အသစ်ပေါ်ပေါ်ချင်းကို ဖောက်သည်တွေက တောင်သူတွေရော၊ ကုန်သည်တွေအတွက်ရော ကြိုးစားပမ်းစား နင်လားငါလား ရှာဖွေမနေရဘူး။ ဝယ်တဲ့ တရုတ်ဝယ်လက်တွေက အဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဈေးကောင်းရရှိနေတယ်” လို့ ပြောပါတယ်။

ပိတ်ထားတာ ကြာပြီဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် စမ်းသပ်ဖွင့်လှစ်လိုက်တာကြောင့်လည်း ပဲလွန်းဖြူဈေးကောင်းနေတာလို့ ကုန်သည်တွေက ပြောပါတယ်။

“မန္တလေးဈေးကွက်ထဲမှာ ပဲလွန်းဖြူကတော့ အခု ၂၀၂၁-၂၀၂၂ ပဲရာသီမှာ အစောဆုံး ဝင်ရောက်လာတာပါ။  ပြီးခဲ့တဲ့အစောဆုံး ၂၀၂၀-၂၀၂၁ ရာသီမှာ ဒီဇင်ဘာ ၁ ရက်၊ ၂ ရက်မှ ပဲလွန်းဖြူက ဝင်ရောက်လာတယ်။ ဒီနှစ်ကတော့ ပဲလွန်းဖြူ ပေါ်တာစောပါတယ်။ တစ်ပတ်ကျော်လောက် ပဲလွန်းဖြူအနေနဲ့ ဒီနှစ် စောစောပေါ်လာတာ။ မြန်မာပြည့်အတွက် အရေးပါတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကလည်း စမ်းသပ်ပြီးတော့ ဖွင့်မယ်ဆိုတဲ့သတင်းနဲ့ တိုက်ဆိုင်မှုကြုံပါတယ်” လို့ မန္တလေးမြို့က ပဲပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ စတင်စမ်းသပ်ဖွင့်ပြီဖြစ်တာကြောင့် ပဲလွန်းဖြူက တခြားပဲတွေလို့ ဖောက်သည် အထူးရှာဖွေစရာမလိုဘဲ တရုတ်ဝယ်လက်က အဆင်သင့်ရှိနေတဲ့အတွက် ရောင်းချနေရတာလို့ ကုန်သည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013