DVB Logo
Home
မြန်မာသတင်း
အာရှပစိဖိတ်ဒေသတွင်း “Social Justice Hero”ဆု မြန်မာ CDM ဆရာဝန် ၂ ဦးရရှိ
DVB
·
November 27, 2021
အာရှပစိဖိတ်ဒေသတွင်း “Social Justice Hero”ဆု မြန်မာ CDM ဆရာဝန် ၂ ဦးရရှိ
1 / 2
Donate to DVB

အာရှပစိဖိတ်ဒေသဆိုင်ရာ လူ့အခွင့်အရေးဆုတစ်ဆုဖြစ်တဲ့ Social Justice Hero Award 2021  လူမှုတရားမျှတမှုသူရဲကောင်းဆုကို မြန်မာပြည်က  CDM ဆရာဝန်နှစ်ယောက်က ရရှိသွားပါတယ်။

ဒေသတွင်းက LGBTQIA ဆိုင်ရာ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေနဲ့ HIV AIDS ဆိုင်ရာ အရေးတွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ APCOM အဖွဲ့က  ချီးမြှင့်တဲ့ အဆိုပါဆုကို ဝေးလံတဲ့ဒေသက တိုင်းရင်းသားပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို အခမဲ့ နယ်လှည့်ဆေးကုသပေးနေတဲ့ ဒေါက်တာပြည့်ဖြိုးကျော်နဲ့  ဒေါက်တာရွှေရိုးတို့က ရရှိခဲ့တာပါ။ 

ဆုရရှိတဲ့ ဒေါက်တာပြည့်ဖြိုးကျော်နဲ့  ဒေါက်တာရွှေရိုးတို့က “ဒီဆုကို ရလိုက်တာဟာ ကျနော်တို့နှစ်ယောက် ရှေ့ဆက်အလုပ်လုပ်ဖို့အတွက် တကယ်ခွန်အားအများကြီးဖြစ်စေပါတယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ မြန််မာဆရာဝန်နှစ်ယောက်က အွန်လိုင်းကနေ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြန်မာပြည်သူတွေ စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေရတဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုခွင့်ရတဲ့အတွက် ကျေနပ်တယ်လို့ ဒေါက်တာပြည့်ဖြိုးကျော်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

APCOM ဆိုတာ အာရှ-ပစိဖိတ်ဒေသတွင်းမှာ LGBTQIA ဆိုင်ရာအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ၊ HIV/AIDS ဆိုင်ရာအရေးတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံအစိုးရတွေ၊  ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ အကျိုးအမြတ်မရှာတဲ့ NPOs အဖွဲ့အစည်းတွေ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013