DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ပြည်သူ ၁,၃၀၀ ခန့်ရှိလာ၊ လူ ၁၀,၅၀၀ ကျော် ဖမ်းဆီးခံထားရ
DVB
·
November 27, 2021
စစ်တပ်က ပစ်သတ်ခဲ့သည့် ပြည်သူ ၁,၃၀၀ ခန့်ရှိလာ၊ လူ ၁၀,၅၀၀ ကျော် ဖမ်းဆီးခံထားရ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လနီးပါးအကြာ စစ်တပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၉၄ ယောက်ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၅၀၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၅၈၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ညနေ ၆ နာရီလောက်က ဆိုင်ကယ်အတူစီးလာတဲ့ လူငယ်နှစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ ကိုဝင်းမင်းထွန်းမှာ ကျဆုံးသွားခဲ့ပြီး နောက်မှာစီးလာတဲ့ လူငယ်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရပါ တယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကနီကျေးရွာမှာ အာဏာဖီဆန်ရေးလှုပ်ရှား မှု(CDM) ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကိုကျော်ခိုင်ဝင်း၊ ဒေသခံ ကိုသန်းဇော်နဲ့ ကိုလှိုင်ဝင်းတို့ကို အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့ အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးသွားခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013