DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
November 26, 2021
ဖားကန့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး ၁ ဦး ပစ်သတ်ခံရ
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာ ကျောက်မျက်လုပ်ဟောင်းတခုအနီးမှာ အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူးအဆင့်ရှိသူတယောက် နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့  မှော်စီစာရွာသားတွေဆီက သိရပါတယ်။

သေဆုံးသူဟာ လုံးခင်းကျေးရွာအုပ်စု အရန်မီးသတ်တပ်ခွဲ ၃ တပ်ခွဲမှူး ဖြစ်ကာ သူနဲ့အတူပါလာတဲ့ တပ်စုမှူးလည်း ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဖားကန့်မြို့နယ် လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးဆီက သိရပါတယ်။

မီးသတ် တပ်ခွဲမှူးဟာ စွန့်ပစ်မြေစာပုံမှာ အရပ်ဝတ်နဲ့ ရေမဆေးကျောက်သွားရောက်ဝယ်ယူချိန် ပစ်သတ်ခံရတာဖြစ်ပြီး ပုဂ္ဂိုလ်ရေး ပြဿနာနဲ့ မကျေနပ်မှုတွေရှိတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အမည်မဖော်လိုတဲ့ မီးသတ်တပ်ဖွဲ့ဝင် တဦးက "မြေစာပုံဈေးတန်းကအပြန် ကျောက်ပြမယ်ပြောလို့ ကားမှန်ချတဲ့အချိန်မှာ သေနတ်နဲ့အပစ်ခံရတာပါ။ သူက သူ့ရာထူးအာဏာသုံးပြီး ပါဝါပြတာတွေ တော်တော်လုပ်တာများတယ်။ လူပြောလည်းတော်တော်များတယ်” လို့ ပြောပါတယ်။ 

မှော်စီစာကျေးရွာအပါအဝင် ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းမှော်တွေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ညဘက်တွေ လုပ်ဆောင်နေတာကြောင့်  စွန့်ပစ်မြေစာပုံများမှာ ရေမဆေးကျောက် အရောင်းအဝယ်တွေ စည်းကားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013