DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်အတွင်း နှံစားပြောင်း ဈေးနှုန်းကျဆင်း
DVB
·
November 26, 2021
မန္တလေးဈေးကွက်အတွင်း နှံစားပြောင်း ဈေးနှုန်းကျဆင်း
Donate to DVB

မန္တလေး ဈေးကွက်ထဲကို အထွက်တိုးနှံစားပြောင်းတွေ အခုလထဲမှာ လှိုင်လှိုင်ဝင်ရောက်လာနေ ပေမယ့် ၃ လအတွင်း ၃ ပုံ ၁ ပုံလောက်အထိ ဈေးနှုန်းကျဆင်းလာတယ်လို့ မန္တလေး ပဲကုန်သည်တွေဆီက သိရပါတယ်။

နှံစားပြောင်း ၃ တင်း ဝင်တစ်အိတ်ကို ပြီးခဲ့တဲ့ ဧပြီကနေ သြဂုတ်လအတွင်း ငွေကျပ် ၄၈၀၀၀ နဲ့ ၅၀၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာ ငွေကျပ် ၃၂၀၀၀ ဝန်းကျင်သာရှိတာကြောင့် ၃ လအတွင်း ကျပ် ၁၈၀၀၀ လောက်အထိ ဈေးနှန်းကျဆင်းခဲ့တာလို့ မန္တလေး ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

“မြန်မာမျိုးမဟုတ်ပါဘူး၊ နိုင်ငံခြားမျိုးကနေပြီးတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုလောက်က တင်သွင်း လာပြီးတော့ တစတစ စမ်းသပ် စိုက်ပျိုးလာရင်းကနေပြီးတော့ အခုလိုအောင်မြင်လာတယ်။ ၂၀၂၁ မှာတော့ ဒီ အခုလိုအချိန်မှာ ဈေးနှုန်းအနေနဲ့ပြောရရင်တော့ ပြီးခဲ့တဲ့ ၂၀၂၀ အထွက်တိုးပြောင်း ရာသီ တန်ဆောင်မုန်းလအတွင်း ဈေးနှုန်းဟာ အတူတူပဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က  ၃ တင်းတစ်အိတ်ကို ၃၂၀၀၀ ရှိတယ်။ အခုလည်း ထိုနည်းလည်းကောင်းပဲ၊ ၃ တင်းတစ်အိတ်ကို  ၃၂၀၀၀ ဈေးပေါက်ပါတယ်။ ၂၀၂၁ ဧပြီလက နေပြီးတော့ ဒီ သြဂုတ်လ အတွင်းလောက်ထိကို ဈေးတက်လာလိုက်တာဟာ ၃ တင်တစ်အိတ်ကို ၄ သောင်း ၈ ထောင်၊ ၅ သောင်းအထိ ဈေးမြင့်တက်လာခဲ့ဖူးပါတယ်။”

နှံစားပြောင်းကို ပြည်တွင်းက အသုံးပြုမှုနည်းပါးပြီး မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံ စတဲ့ဒေသတွေက အရက်ချက်တဲ့နေရာတွေမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ နှံစားပြောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူလေ့ရှိပြီး ဒီနှစ်အနေနဲ့ လက်ရှိအချိန်မှာတော့ တရုတ်ဘက်ကစ တင်ဝယ်ယူခြင်းမရှိသေးဘူးလို့ သိရပါတယ်။

နှံစားပြောင်းဟာ မိုးရေချိန်လက်မ ၂၀ နဲ့ ၂၅ လောက် ရေရရှိရင်စိုက်ပျိုးနိုင်တဲ့သီးနှံဖြစ်ပြီး မြေသြဇာ ထည့်စရာမလိုတာကြောင့် တောင်သူတွေအနေနဲ့ စမ်းသပ်စိုက်ပျိုးရာက မြန်မာနိုင်ငံအလယ်ပိုင်းမှာ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာကြတာလို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

“ဒီအထွက်တိုးပြောင်းက ရာသီဥတုဒဏ်ကိုခံနိုင်တယ်။ နောက်ပြီးတော့ မိုးရေ ၂၀လက်မ ၂၅လက်မလောက်ဆို လုံလောက်တယ်။ စိုက်ပျိုးတဲ့နေရာမှာလည်း သူက ဓာတ်မြေသြဇာမလိုဘူး၊ နောက် ပိုးမွှားကလည်း ကင်းစင်သလောက်ဖြစ်တာကြောင့် တောင်သူတွေ တစတစနဲ့ နိင်ငံခြားမျိုးကို စမ်းသပ်လာတာ အခုအချိန်မှာ မြန်မာပြည်အလယ်ပိုင်းမှာ တော်တော်ကို တွင်တွင်ကျယ်ကျယ်နဲ့ စိုက်ပျိုးလာတာတွေ့ရှိရပါတယ်။ ပြောင်းက ကျနော်တို့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့လို မိုးများတဲ့ဒေသတွေမှာတော့ စိုက်ပျိုးလို့သိပ်မအောင်မြင်ပါဘူး။ နောက်တစ်ချက်က တောင်ပေါ်ဒေသတွေမှာလည်း အပင်တော့ဖြစ်တယ်။ အထွက်နှုန်းကျတော့ အထက်အညာဒေသလောက် အထွက်နှုန်းမကောင်းဘူး။” 

လက်ရှိ မန္တလေးဈေးကွက်အတွင်းမှာ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ မလိုင်၊ စစ်ကိုင်း စတဲ့ ဒေသတွေက အလုံးအရင်း နဲ့ လှိုင်လှိုင်ဝင်ရောက်နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013