DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြမှုကြောင့် စားသုံးကုန်ပစ္စည်း ပြတ်လပ်မည်ကို စိုးရိမ်
DVB
·
January 15, 2014
ထိုင်းဆန္ဒပြမှုကြောင့် စားသုံးကုန်ပစ္စည်း ပြတ်လပ်မည်ကို စိုးရိမ်
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဆန္ဒပြပွဲတွေကြောင့် စားသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေ တက်မှာကို မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီဒေသခံတွေက စိုးရိမ်နေပါတယ်။

ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် မြ၀တီ-မဲဆောက် နယ်စပ်မှာ မှီခို လုပ်ကိုင် စားသောက်နေထိုင်ကြသူတွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမှာကို စိုးရိမ်နေကြတာပါ။

maesot-myawaddyပဲပြားကြော် ရောင်းနေတဲ့ ဒေါ်တင်တင်ဝင်းက “စားကုန်သောက်ကုန် ဆီတို့၊ အချိုမှုန့်တို့၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာမှုန့် အစစအရာရာ ဈေးတွေတက်လာရင် အခက်အခဲဖြစ်မယ်။ ကျမ ပဲပြားကြော်မယ်ဆိုရင် ဆီဈေးကအစ တက်သွားမယ်။ အခုက ဆီဈေးက ပုံမှန်ဆို အဆင်ပြေတယ်လေ” လို့ ပြောပါတယ်။
မြ၀တီ-မဲဆောက် နယ်စပ်တလျှောက်မှာရှိတဲ့ လက်လုပ်လက်စား မြန်မာနိုင်ငံသားတွေ အဓိက အခက်အခဲကြုံတွေရမှာ ဖြစ်သလို ကားသမားတွေလည်း ဒုက္ခရောက်ကြမယ်လို့ မြ၀တီ-မဲဆောက် တံတားထိပ်မှာ ကားပြေးဆွဲနေသူ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေ စဖြစ်လာကတည်းက ဘန်ကောက်ကနေ ဆင်းလာမယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ နည်းပါးသွားတာကြောင့် ခရီးသည် ရရှိမှု လျော့ကျလာတယ်လို့ ပြောပါတယ်။

“ခရီးသည်ပါးတယ်၊ ခရီးသည် သိပ်မကျဘူး။ အရင်တုန်းကဆို ကားအဆွဲကောင်းတယ်၊ အခုက လမ်းကြောင်းတွေ ပိတ်လားတော့ မသိဘူး။ ခရီးသည် သိပ်မဆင်းကြဘူး။ ကားမှာ ခရီးသည် သိပ်မပါဘူး။ ကျနော်တို့ ကားသမားတွေ သိပ်မဆွဲရဘူး။”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ရှိအစိုးရကို ဆန့်ကျင်ဆန္ဒပြ ပွဲတွေဟာ အခု ရက်ပိုင်းမှာ အရှိန်မြင့်လာပြီး ရက်ရှည်ကြာနိုင်တဲ့ အနေအထားတွေကိုလည်း တွေ့နေရပါတယ်။

ဆန္ဒပြပွဲတွေကြောင့် လမ်းတွေပိတ်တာတွေ၊ ကုန်စည်စီးဆင်းမူ နှောင့်နှေးတာတွေ တွေ့နေရပေမယ့် ပြတ်တောက်သွားတာတွေတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း ခရီးသွားလုပ်ငန်းတွေကတော့ သိသိသာသာ ထိခိုက်နေပြီး မြန်မာအလုပ်သမား နေ့စား အလုပ်လုပ်သူတွေ အလုပ်မရှိတာတွေတော့ တွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013