DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် အစိုးရတပ်ကနေပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုရာကျူးလွန်မှု ၁၀၀ ကျော်ဖြစ်
DVB
·
January 14, 2014
အစိုးရသစ်လက်ထက် အစိုးရတပ်ကနေပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုရာကျူးလွန်မှု ၁၀၀ ကျော်ဖြစ်
1 / 2
Donate to DVB

သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလုပ်ဆောင်နေမယ့် အစိုးရတပ်ကနေပြီး အမျိုးသမီးတွေပေါ် လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်မှုပေါင်း ၁၀၀ ကျော် ရှိဆဲပဲလို့ အမျိုးသမိးများအဖွဲ့ချုပ် မြန်မာနိုင်ငံက အစီရင်ခံစာ ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

WLBအစိုးရသစ်လက်ထဲမှာ စစ်ဖြစ်ပွားရာဒေသတွေမှာ မြန်မာစစ်တပ်ကနေပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုပေါင်း ၁၀၄ မှုရှိခဲ့ပြီး အဲဒီထဲက ၂၀ ကျော်ဟာ အသက်အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်တာဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောပါတယ်။

“အခုလက်ရှိ ကျမတို့ အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ တချို့ ကျမတို့လုပ်နေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကောက်ထားရသလောက်ကို ကျမတို့က တိကျခိုင်မှာတဲ့ အမှုတွေပဲ ယူပါတယ်။ အားလုံးပေါင်း ၁၀၄ မှုပေါ့နော်။ အများစုက အုပ်စုလိုက် အဓမ္မ ပြုကျင့်ခံရတာဟာတွေဖြစ်တယ် အဲဒီထဲက အမှုပေါင်း ၂၀ ကျော်ပိုင်းက အသက်အရွက်ပိုင်းအရ ပြောရရင် ၉ နှစ် ၁၀ နှစ် ၁၁ နှစ် ကြား မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်မှု အပိုင်းတွေဖြစ်တယ်။ ဒါက ကျမတို့အနေနဲ့ ပြောရရင် ဒီလိုမျိုးမတည်မငြိမ် ဖြစ်တဲ့ နေရာတွေကနေ အခက်အခဲပေါင်းစုံ ကြားက ကောက်ထားတာဖြစ်တယ်။ မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးကို မပြောလိုကြဘူးပေါ့။”

အမှုအခင်းအများစုမှာ ၂၀၁၁ ခုကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ ထိုးစစ်ဆင်မှုနဲ့ ဆက်စပ်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)အဖွဲ့က မြန်မာအစိုးရ စစ်သားများ ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှု အပြုအမူများကို ခံခဲ့ရတဲ့ အမျိုးသမီး ၅၉ ဦးကို မှတ်တမ်း တင်ထားသလို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အမျိုးသမီးနဲ့ မိန်းကလေး ၃၅ ဦး ပါဝင်တဲ့ လိင်အကြမ်းဖက်မှု ၃၀ ကို အစီရင်ခံထာတယ်။ မုဒိမ်းကျင့်မှု အဖြစ်အပျက်တွေဟာ ပဋိပက္ခ အချိန်နဲ့ ဆက်နွယ်နေကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ကျူးလွန်သူတွေကို တာဝန်ရှိသူတွေက ခွင့်ပြုပေးသလိုဖြစ်ခဲ့တဲ့အတွက် လက်ရှိ ပြုလုပ်ပြောင်းလဲရေးကာမှာ ဒါကို ဆက်လက်ခွင့်ပြုမယ် ဖို့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိခိုက်နိုင်တယ်လို့လည်း ဒေါ်တင်တင်ညိုက သတိပေးပြောဆို လိုက်ပါတယ်။

“စစ်ဖြစ်တဲ့ကာလတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရတယ်။ အဲဒီလို ခံနေရတဲ့အချိန်မှာလည်း တရားဝင် ကျူးလွန်ခွင့်ကို တာဝန်ရှိတဲ့သူတွေက စစ်သားတွေကို ပေးထားသလိုဖြစ်တယ်။ အဲဒါက အခုလိုမျိုး ပြုပြင်ပြောင်းလဲမှု သွားတဲ့ ကာလမှာ လုပ်သင့်တဲ့အရာ မဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အဟန့်အတား တွေ အခက်အခဲတွေရှိစေတယ်ဆိုတာကိုလည်း နိုင်ငံတကာနဲ့ လက်ရှိအစိုးရကို ပြောပြချင်တယ်။”

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို ပြောဆိုသွားတာပါ။

ဒီလို စစ်ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အမျိုးသမီးတွေအနေ လိင်ကြမ်းဖက်မှုတွေခံရတာတွေနဲ့ ပတ်သက်ပြီး တရားဥပေဒအရ အရေးယူဆောင်ရွက်နိုင်ဖို့ တိုင်ကြားလို့ရတဲ့ နေရာရှိလာဖို့၊ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ လူထုအဖွဲ့အစည်းအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်စောင်နိုင်ဖို့ အတွက် (WLB) အနေနဲ့ အစိုးရကို တိုက်တွန်းသွားမယ် လို့လည်း ဒေါ်တင်တင်ညိုက ပြောပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အမျိုးသမီးတွေအနေနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ပြန်လည် ၀င်ဆံ့ နိုင်ဖို့ကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013