DVB Logo
Home
မြန်မာသတင်း
ဒေသခံပြည်သူ ၁၅၀ ကျော်ကို PDF-ဆော တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေး
DVB
·
November 26, 2021
ဒေသခံပြည်သူ ၁၅၀ ကျော်ကို PDF-ဆော တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေး
1 / 14
Donate to DVB

မကွေးတိုင်း ဆောမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်က PDF-ဆောတပ်ဖွဲ့က ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။

သက်ကြီးဘိုးဘွားတွေနဲ့ ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တဲ့အပြင် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စကားတွေပြောပြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆောမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ တစ်ရက်တည်းမှာ ဒေသခံပြည်သူ ၂၀၀၀ ကျော်လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီလို တိမ်းရှောင်နေတဲ့ ပြည်သူတွေထဲက သက်ကြီးဘိုးဘွားတွေအနေနဲ့ တစ်ခါမှမကြုံဖူးတော့ အရမ်းစိတ်လှုပ်ရှားပြီး သွေးပေါင်ကျတာ၊ သွေးတိုးတာတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နေတာကြောင့် ဒီအစီစဉ်ကို ပြုလုပ်ပေးတာလို့ ပြောပါတယ်။

အများအားဖြင့် အသက် ၆၀ ကနေ ၈၀ ကျော်ကြား သက်ကြီးဘိုးဘွားတွေပါဝင်ပြီး တောမရွာမှာဆိုရင်လည်း လေကြောင်းတိုက်ခိုက်သံကြားရပြီး ထိတ်လန့်သွေးတက်ကာ သက်ကြီး ဘိုးဘွား ၂ ယောက်သေဆုံးသွားတယ်လို့ သတင်းကြားရပြီးနောက် စိတ်ပိုင်းဆိုင်ရာ အင်အားတွေကို မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

PDF-ဆောအနေနဲ့ တပ်ရင်း ၂ ရင်းရှိတာကြောင့် အနည်းဆုံးဆရာဝန် ၂ ယောက်လိုအပ်ပြီး ဆရာဝန်မရှိပေမဲ့ ဝါရင့် ကျန်းမာရေးဝန်ထမ်းတွေ၊ PDFတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးခဲ့ကြတာလို့ ပြောပါတယ်။

လတ်တလောလိုအပ်ချက်တွေကတော့ ဖျားနာပျောက်ဆေး၊ အားဆေးတွေ လုံလောက်မှုမရှိသလို စစ်ကောင်စီက ဆေးဝါး၊ ရိက္ခာ သယ်ယူခွင့်တွေကို တားမြစ်ထားတာကြောင့် ဆေးဆိုင်ပိုင်ရှင် တချို့လည်း ​သိန်းပေါင်းများစွာ ဆုံးရှုံးရသလို ဆေးဝါးစျေးနှုန်းတွေလည်း ၂ ဆ လောက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဆောမြိုနယ်မှာ နိုဝင်ဘာ ၂၃ ရက်က ဆောနဲ့ ကန်ပတ်လက်နယ်စပ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲ ဖြစ်ပွားခဲ့သလို နိုဝင်ဘာ ၂၄ ရက်မှာလည်း ကန်ပက်လက်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013