DVB Logo
Home
မြန်မာသတင်း
“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ” အွန်လိုင်းအနုပညာပွဲတော်ကျင်းပမည်
DVB
·
November 25, 2021
“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ” အွန်လိုင်းအနုပညာပွဲတော်ကျင်းပမည်
Donate to DVB

မင်းမော်ကွန်း၊ လင်းလင်း၊ ချစ်သုဝေ၊ မူးလာ၊ ပိုင်ဖြိုးသုနဲ့ အနုပညာရှင်တွေပါဝင်မယ့် ထိုင်းရောက်မြန်မာတွေရဲ့  NUG အတွက် ကျန်းမာရေးရန်ပုံငွေ အွန်လိုင်းအနုပညာပွဲတော်ကို လာမယ့် နိုဝင်ဘာ ၂၇ ရက်  စနေနေ့ ကျင်းပဖို့ ရှိပါတယ်။  

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ” လို့ အမည်ပေးထားတဲ့ အစီအစဉ်ကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို NUG ကျန်းမာရေး၀န်ကြီးဌာနအတွက် ဖြစ်ပါတယ်။

ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်မယ့်  ရန်ပုံငွေပွဲမှာ တန်ဖိုးရှိလက်ဆောင်တွေ၊ အနုပညာရှင်တွေရဲ့  အမှတ်တရတ ဆုလက်ဆောင်တွေကို ကံထူးရှင်တွေရွေးချယ် ပေးအပ်သွားဖို့ ရှိပါတယ်။

အဆိုတော် လင်းလင်း၊ အဆိုတော် cobra၊ အကယ်ဒမီ မင်းမော်ကွန်း၊ ဒါရိုက်တာသည်ခေတ်နေ၊ အဆိုတော် မူးလာ၊ သရုပ်ဆောင် သီဟထွန်း၊ ချစ်သုဝေ၊ အကယ်ဒမီပိုင်ဖြိုးသု ၊ မြနှင်းရည်လွင်၊ ပန်ကိတ်ဒါဒါ၊ မြတ်နိုးအေး၊ ဆရာမနုယဉ်၊ ဆရာမမြူပါး၊ ကာတွန်းလဂွန်းအိမ်၊ ကာတွန်းဝေယံ(တောင်ကြီး) ၊ ကောင်းစံသာ(ရေကြည်)၊ ဒေါက်တာဖြိုးသီဟ၊ ဒါရိုက်တာကိုပေါက် တို့ပါဝင် ဖျော်ဖြေကြမယ်လို့လည်းသိရပါတယ်။

ဒီအစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီကစတင်ပြီး  D Day Channel, PVTV, ခေတ်သစ်မီဒီယာ, Mizzima အပါအဝင် ဆိုရှယ်မီဒီယာတွေကနေ အခမဲ့တိုက်ရိုက် (Free Live Show) ထုတ်လွှင့်မှာဖြစ်ပါတယ်။  

ကံစမ်းလက်မှတ်တစောင်ကို  ထိုင်းဘတ်ငွေ ၁၉၉ ဘတ်နဲ့ ကံစမ်းနိုင်ဖို့ စီစဥ်ထားရှိမှာဖြစ်ပြီး နိုင်ငံတကာကလည်း  ဝယ်ယူနိုင်ဖို့ စီစဥ်ထားတယ်လို့သိရပါတယ်။ 

ကံစမ်းရင်း တော်လှန်ရေးအတွက် ပါဝင်နိုင်မှာဖြစ်လို့ ပါဝင်ကံစမ်းကြဖို့ တိုက်တွန်းလိုတဲ့ အတွက်  လက်မှတ်၀ယ်ယူလို့တဲ့သူတိုင်း “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” Page ကနေ  https://www.facebook.com/healthrevolutionnugaac/ ၀ယ်ယူနိုင်သလို ထိုင်းရောက် မြန်မာတွေအနေနဲ့ အခုပွဲအတွက် ဆက်သွယ်ရမည့် AAC မဟာမိတ်အဖွဲ့ ( ထိုင်းအခြေစိုက် ) ရဲ့ Viber &  Line  ဖုန်းနံပတ် 061 8352805 , 0624930245 တို့ကနေ ၀ယ်ယူအားပေးနိုင်တယ်လို့ “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” page က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013