DVB Logo
Home
မြန်မာသတင်း
ပဲခူးထောင်တွင်း နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းစေခိုင်းနေ
DVB
·
November 25, 2021
ပဲခူးထောင်တွင်း နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းစေခိုင်းနေ
Donate to DVB

ပဲခူးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ကြမ်းစေခိုင်းမှုတွေ ရှိနေတယ်လို့ ဒီဗွီဘီသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီ  ၁ ရက်နေ့ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးပြီးထောင်ချခဲ့တဲ့ဉီးရေဟာ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

အဲဒီထဲမှာ ပဲခူးအကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မနဲ့ တရားစွဲဆိုထောင်ချခံခဲ့ရသူ အရေအတွက်က  ၄၀၀  ကနေ ၅၀၀ ကြားရှိပါတယ်။

အဲဒီထဲမှာမှ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့သူတွေရှိခဲ့ပေမယ့် လက်ရှိမှာဆိုရင် ပဲခူး အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ ထိန်းသိမ်းခံထားရသူဟာ အယောက် ၁၅၀  ဝန်းကျင်ကျန်ရှိနေပါ သေးတယ်။

ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ချမှတ်စဉ်က အလုပ်ကြမ်းမပါဝင်ခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာရှိတဲ့ အလုပ်ကြမ်းမျိုးစုံကို အတင်းအကျပ်စေခိုင်းခံခဲ့ရတယ်လို့ ပဲခူးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူတစ်ဉီးက ဒီဗွီဘီကို ပြောပါတယ်။'

လက်ရှိ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုလည်း အလုပ်ကြမ်းစေခိုင်းမှုတွေဟာ ဆက်ရှိနေတယ်လို့ဆိုပါတယ်။

နိုင်ငံရေးကျဉ်းသားတွေဟာ စပါးနေလှန်းရတာ၊ မိလ္လာကန်ပိတ်တာတွေကို ဖယ်ထုတ်ပေးရတာ၊ ဖွဲအိတ်သယ်ရတာ၊ ထောင်တွင်းသန့်ရှင်းရေးလုပ်ရတာ၊ ထုံးသုတ်ရတာ၊ ရေကန်သန့်ရှင်းရေး လုပ်ရတာ စတဲ့ ထောင်တွင်း အလုပ်ကြမ်းမျိုးစုံကို လုပ်ပေးနေပေမယ့် ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေသူတွေကတော့ အဲဒီအလုပ်တွေမလုပ်ရဘူးလို့ ပဲခူးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဉီးက ပြောပါတယ်။

''နိုင်ငံရေးအကျဉ်းသားတွေကို သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ခိုင်းတာ။ တခြား ရာဇဝတ်မှုတွေနဲ့ ကျနေတဲ့သူတွေကိုတော့ အဲဒီလိုမခိုင်းဘူး" လို့ ဆိုပါတယ်။

ထောင်တွင်းအလုပ်ကြမ်းမျိုးစုံကို  ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရပြီး အမိန့်မချရသေးတဲ့ အချုပ်နဲ့ အမှုရင်ဆိုင်နေရသူတွေပါ လုပ်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းထောင်ထဲက အဆောင်တွေအတွင်းမှာ လူအများအပြားကို စုပြုံပြီး ထားတာ၊ ဆပ်ပြာအပါအဝင် တကိုယ်ရေလိုအပ်တဲ့ပစ္စည်းတွေ မပေးတာတွေလည်းရှိပြီး မျက်နှာသစ်ချိန်နဲ့ ရေချိုးချိန်ကလွဲပြီး အဆောင်ထဲ ပိတ်ထားတာတွေလည်းရှိတယ်လို့ အကျဉ်းထောင်တွင်း နေထိုင်ခဲ့ရသူတစ်ဉီးက ပြောပါတယ်။

ဒါ့အပြင် နှစ်ပွင့်အဆင့်ရှိတဲ့ ထောင်မှူးက ညဘက်ဆိုရင် အရက်မူးပြီး အဆောင်ရှေ့ ကင်းလာစစ်တယ်ဆိုတာ အောက်ဟစ်ဆဲတာတွေလည်းရှိနေသလို မိန်းကလေးအဆောင်တွေကို CCTVကနေ စောင့်ကြည့်ပြီး ရစ်တာတွေလည်း ကြုံနေရတယ်လို့ဆိုပါတယ်။

နိုင်ငံရေးကျဉ်းသားတွေကို ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အကျဉ်းထောင်တာဝန်ရှိသူတစ်ဉီးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ငြင်းဆိုပါတယ်။

"မရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီဖုန်းနံပါတ်ကို ဘယ်ကရတာလဲ"လို့ အကျဉ်းထောင်တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ ICRCက ပဲခူးအကျဉ်းထောင်အတွင်း လာရောက်ဖို့ရှိနေတာကြောင့် ပြွတ်သိပ်ထားတဲ့ နိုင်ငံရေးကျဉ်းသားတွေကို အဆောင်ခွဲတာ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဝေငှတာ စတာတွေကို အကျဉ်းထောင်တာဝန်ရှိသူတွေက ဟန်ပြလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လနီးပါးအကြာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၉၁ ယောက်ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၄၅၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၇,၅၃၀ ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ကာ အဲဒီထဲက ၃၀၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့အေအေပီပီ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013