DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကျော် ထိုင်းရက်ပ်အဆိုတော် Lisa BLACKPINK ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 25, 2021
ကမ္ဘာကျော် ထိုင်းရက်ပ်အဆိုတော် Lisa BLACKPINK ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ထိုင်းနိုင်ငံတွင်သာမက ဒေသတွင်းနဲ့ နိုင်ငံတကာလူငယ်တွေကြားရေပန်းစားနေတဲ့ ထိုင်းရက်ပ်အဆိုတော်  Lisa BLACKPINK  ခေါ် လီဆာလာ့လိဆာ မနိုဘန်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပါတယ်။  

လီဆာဟာ ကိုဗစ်-၁၉  ကူးစက်ခံရတာကို နိုဝင်ဘာ ၂၄ ရက်ညနေပိုင်းမှာ အဖြေသိရပြီး  သူ့ရဲ့အဖွဲ့ဝင် မိန်းကလေး ၃ ယောက်ဖြစ်တဲ့ ဂျဲန်နီ၊ ဂျီဇူ၊ ရိုက်ပ်ဆယ်တို့ကိုလည်း  စစ်ဆေးထားပြီး အားလုံးကွာရန်တင်းဝင်နေရပါတယ်။

အဖွဲ့ဝင်တွေအားလုံးရဲ့ ကျန်းမာရေးကို အထူးအလေးထားကာ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်နေပြီး နောက်ဆက်တွဲအခြေအနေတွေလည်း ဆက်လက်ဖော်ပြပေးပါမယ်လို့ တောင်ကိုးရီးယားမှာရှိတဲ့ သူ့ရဲ့ တေးဂီတကုမ္ပဏီ YG Entertainment ကပြောပါတယ်။

လီဆာဟာ ကိုဗစ်-၁၉ ရောဂါ ဘယ်ကနေဘယ်လိုကူးစက်ခံရတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ ဒါပေမဲ့ သူဟာ ဒီမတိုင်ခင်ရှေ့က အမေရိကန်နိုင်ငံမှာသွားရောက်ဖျော်ဖြေခဲ့တယ်လို့ သိရပါ တယ်။ 

သူကိုဗစ်-၁၉ ကူးစက်ခံရကြောင်းသတင်းထွက်ပေါ်ပြီးတဲ့နောက် ကမ္ဘာအရပ်ရပ်က တေး ချစ်သူတွေဟာ သူ့ အတွက်ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ 

အသက် ၂၄ နှစ်ရွယ်ရှိ Lisa BLACKPINK  ဟာ ထိုင်းအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်ဇာတိဖြစ်ပြီး မူလတန်းကျောင်းသူအရွယ်ကတည်းက တေးဂီတနဲ့အကပညာကို ဝါသနာပါကာ ကျောင်း ကပွဲတွေမှာလည်း ဆုရခဲ့ပါတယ်။

အရွယ်ရောက်လာတော့ ထိုင်းသီချင်းခေတ်ဟောင်း ခေတ်သစ် အဆိုအကပညာတွေ၊ အင်္ဂလိပ်၊ ကိုးရီးယားသီချင်းတွေ လေ့လာသီဆိုပြီး အာရှလူငယ်အဆိုရှင်ပြိုင်ပွဲမှာလည်း ဆုရခဲ့သလို တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး YG Entertainment တေးဂီတ ကုမ္ပဏီမှာ နှစ်ရှည်လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။

အဲဒီနောက် သီချင်း music video ထုတ်လွှင့်ရာမှာ လူကြိုက်များကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့ကျော်ကြားသောသီချင်းချို့ကတော့  “ money “” “ How you like that ” “ DDu Du DDu Du ” “ Ice Cream” “ Kill the Love ” “ Laliza  ” စတာတွေဖြစ်ပါတယ်။

လက်ရှိသူရဲ့ ယူကျုချယ်နယ်လ်မှာ ပရိသတ်  ၇၆ သန်းကျော်ရှိပြီး ထိုင်းထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တွေထက် ပိုပြီးလူကြိုက်များတဲ့အဆိုတော်တဦးဖြစ်ပါတယ်။

သူရဲ့ဖျော်ဖြေရေးပွဲစဉ်တွေဟာ နောက်နှစ်ထိ တန်းစီနေပြီး မိခင်ထိုင်းနိုင်ငံက ဖူးကက်ကမ်းခြေမှာ ခမ်းနားစွာကျင်းပမယ့် နှစ်သစ်ကူးပွဲမှာလာရောက်ဖျော်ဖြေဖို့ ထိုင်းအစိုးရရဲ့ဖိတ်ခေါ်ချက်ကို တောင် ငြင်းပယ်ခဲ့ရပါတယ်။ 

ကိုးကား-PPTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013