DVB Logo
Home
Lead Story
မိုးကောင်း-ဖားကန့်လမ်းအတွက် ကျပ် သိန်း ၁၀၀ တောင်းဆိုမှု များပြားဟုဆို
DVB
·
January 15, 2014
မိုးကောင်း-ဖားကန့်လမ်းအတွက် ကျပ် သိန်း ၁၀၀ တောင်းဆိုမှု များပြားဟုဆို
Donate to DVB

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် ကားလမ်း ပြုပြင် ဖောက်လုပ်ဖို့ ဆိုပြီး ကချင် ပြည်နယ်အစိုးရက ကျောက်စိမ်း ကျောက်မျက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို လုပ်ကွက် ၁ ကွက် ကျပ် သိန်း ၁၀၀ ထည့်ဝင်ရမယ်လို့ သတ်မှတ် အမိန့်ပေးတာဟာ များပြားလွန်းပြီး ဥပဒေနဲ့ အညီ လုပ်ကိုင်တာ မဟုတ်ဘူးလို့ ယူဆကြောင်း ဖားကန့် ကျောက်မျက်ကုမ္ပဏီ မန်နေဂျာတဦးက ဒီဗွီဘီကို ပြောပါတယ်။

Pharkhant Roadကချင်ပြည်နယ်အစိုးရဟာ ဒီငွေကြေးကောက်ခံဖို့ တဖက်သတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး ပထမအရစ် လုပ်ကွက် ၁ ကွက် ငွေကျပ် ၃၃ သိန်းကို ဒီကနေ့ ဇန်န၀ါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ်အစိုးရ ဘဏ်စာရင်းနံပါတ် CF 002561 ကို လွှဲပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ဖားကန့်ပတ်ဝန်းကျင်မှာ စုစုပေါင်း လုပ်ကွက် ၁ သောင်းခွဲဝန်းကျင် ရှိတဲ့အတွက် အခု လုပ်ကွက် ၁ ခုကို ကျပ် သိန်း ၁၀၀ ကောက်ခံမယ် ဆိုရင် ကျပ် ဘီလီယံပေါင်း ၁၅၀ လောက်ပမာဏ ရှိတာမို့ မိုင် ၆၀ လောက် ရှည်တဲ့ ကားလမ်းအတွက် ဒီလောက်များတဲ့ ငွေပမာဏ မကောက်ခံသင့်ဘူးလို့ ကုမ္ပဏီပိုင်ရှင်တွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013