DVB Logo
Home
မြန်မာသတင်း
မုံရွာ ဆည်မြောင်းရုံး၊ အမှတ် ၂ ရဲစခန်းနဲ့ အမှတ် ၁ အထပ်သားစက်ရုံတို့တွင် ဗုံးပေါက်ကွဲ
DVB
·
November 25, 2021
မုံရွာ ဆည်မြောင်းရုံး၊ အမှတ် ၂ ရဲစခန်းနဲ့ အမှတ် ၁ အထပ်သားစက်ရုံတို့တွင် ဗုံးပေါက်ကွဲ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆည်မြောင်းရုံး၊ အမှတ် ၂ ရဲစခန်းနဲ့ အမှတ် ၁ အထပ်သားစက်ရုံတို့မှာ နိုဝင်ဘာ ၂၄ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက မုံရွာမြို့ သလ္လာဝတီရပ်ကွက်ရှိတဲ့ ဆည်မြောင်းရုံးနဲ့ စက်မှုဇုန်ရပ်ကွက် အမှတ် ၂ ရဲစခန်းတို့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုတွေကို Monywa Young People Group (MYPG), Red Code Revolution (RCR), Northwest Plains Revolutionary Forces-NPRP တို့က ပြုလုပ်ခဲ့တယ်လို့ MYPG အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့  ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့နယ် အိုးဘိုတောင်ရပ်ကွက် အမှတ် ၁ အထပ်သားစက်ရုံမှာ နိုဝင်ဘာလ ၂၄ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက "မနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်က ဗုံး ၃ လုံးဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ မန်နေဂျာအမျိုးသမီး ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

အထပ်သားစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013