DVB Logo
Home
မြန်မာသတင်း
ဝန်ဖိုက်ဒီရေတောပြုန်းတီးမှု ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်ရေး ငွေကြေးအခက်အခဲ ဖြစ်နေ
DVB
·
November 25, 2021
ဝန်ဖိုက်ဒီရေတောပြုန်းတီးမှု ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်ရေး ငွေကြေးအခက်အခဲ ဖြစ်နေ
Donate to DVB

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်မှာ ရှိတဲ့ ဝန်​ဖိုက်ဒီရေတောအတွင်း ထင်းခုတ်ယူသုံးစွဲမှုတွေများလာတာကြောင့် ပြုန်းတီးလာနေပြီး ရေရှည်​ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ ငွေကြေး အခက်အခဲရှိနေတယ်လို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

ဝန်ဖိုက်ကြိုးဝိုင်းဟာ ၂ နှစ်၊ ၃နှစ်အတွင်းမှာ အင်မတန် ယိုယွင်းပျက်စီးလာနေတာလို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကိုချစ်လွင်က ပြောပါတယ်။

“ဒီလိုယိုယွင်းပျက်စီးနေတာကို မြင်နေရတဲ့အတွက် ဒီကြိုးဝိုင်းကိုသာလက်လွှတ်ပြီးတော့ ဒီအတိုင်းထားလိုက်မယ်ဆိုရင် မျိုးတုံးပျက်စီးသွားမှာကို မြင်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီရေတောထိန်းသိမ်းရေးကော်မတီ ၁ ခု ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီရေတော ထိန်းသိမ်း စောင့်ရှောက်ရေးအသင်းမှာ အဓိကလိုအပ်တာက ငွေကြေးပေါ့၊ အခုလောလောဆယ်မှာလည်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်နေရတဲ့အခါမှာ ရေရှည်ကို ကြည့်လိုက်မယ်ဆိုရင် ငွေကြေးက အဓိကလိုအပ်မယ်လို့ ကျနော်တို့မြင်ပါတယ်။”

ဝန်ဖိုက်ဒီရေတောကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ဒေသခံတွေစုဖွဲ့ပြီး ​ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာလို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေအဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးမောင်လေးက ပြောပါတယ်။

“အခုလက်ရှိအနေအထားကတော့ နည်းနည်းယိုယွင်းပျက်စီးနေတာကို တွေ့နေရပါတယ်၊ ဒေသခံ တွေကလည်း နည်းနည်းစိုးရိမ်ကြပြီးတော့ အခုကတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကိုတော့ ပြန်ပြီးအကောင်အထည်စဖော်တဲ့ အချိန်ကျနေတာပေါ့။ လက်ရှိ လိုအပ်ချက်က ကျနော်တို့ဒေသခံတွေမှာတော့ လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမား တွေဆိုတော့ သူတို့ရဲ့သွားရေး၊ လာရေးလမ်းစရိတ်တွေနဲ့၊ ဟွန်ဒါစရိတ်တွေ၊ စက်လှေစရိတ်တွေ ဒါတွေကတော့လိုအပ်တာပေါ့၊ မိမိဒေသရဲ့အကူအညီနဲ့ပဲ လုပ်ကိုင်နေရတာပေါ့၊ နိုင်ငံတော်က ပံ့ပိုးငွေတွေနဲ့ မဟုတ်ဘူးပေါ့” လို့ ပြောပါတယ်။

ဝန်ဖိုက်ဒီရေတောကြိုးဝိုင်းဟာ ဧရိယာ ၅၆၆၃၃ ဧက အကျယ်အဝန်းရှိပြီး အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး ဒီရေတော ၁ ခုဖြစ်ကာ ပြီးခဲ့တဲ့ ၃ နှစ်ကစတင်ပြီး ဒီရေတောကနေ ထင်းခုတ်ယူသုံးစွဲလာတဲ့အတွက် ဝန်ဖိုက်ဒီရေတောရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပြုန်းတီးလာတယ်လို့ ဆိုပါတယ်။

ဒီရေတောတွေပြုန်းတီးသွားမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတွေစုဖွဲ့ကာ ဝန်ဖိုက်ဒီရေတော ကာကွယ်ထိန်းသိမ်းရေးအဖွဲ့အဖြစ်ဖွဲ့စည်းပြီး ဒီရေတောတွေကို ကာကွယ်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013