DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင် အ.ထ.က ၌ ကိုဗစ်-၁၉ ကူးစက်သူများလာသော်လည်း ကျောင်းမပိတ်သဖြင့် အုပ်ထိန်းသူများ စိုးရိမ်
DVB
·
November 24, 2021
မိုင်းကိုင် အ.ထ.က ၌ ကိုဗစ်-၁၉ ကူးစက်သူများလာသော်လည်း ကျောင်းမပိတ်သဖြင့် အုပ်ထိန်းသူများ စိုးရိမ်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ အထကကျောင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အနည်းဆုံး ၉ ယောက်အထိရှိလာပြီဖြစ်ပေမဲ့  ကျောင်းဆက်ဖွင့်နေလို့ ကလေးတွေ ရောဂါကူးစက်မှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က အထက်တန်းကျောင်းသူ ၁ ဦး နေမကောင်းလို့ ဆေးရုံသွားပြရာမှာ ကိုဗစ်-၁၉ ပိုးကူးစက်ထားတာ တွေ့ရှိခဲ့ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ နီးစပ်သူတွေကို ဆက်လက်စစ်ဆေးရာမှာ  နောက်ထပ်ကူးစက်ခံရသူ ၈ ယောက်တွေ့ရှိခဲ့ပါတယ်။၏

အဆိုပါကျောင်းမှာ ၁၀ တန်းကျောင်းသား  ၂  ယောက်၊ ၄ တန်းက ၂ ယောက် ၊ ၆ တန်းက ၂ ယောက် ၊ ၉ တန်းက ၁ ယောက် နောက်ပြီး မဟတ်ကျေးရွာ အထကကျောင်းခွဲမှာ ဆရာ ၁ ယောက် ကျောင်းသား ၁ ယောက် စုစုပေါင်း ၉ ယောက်ပိုးတွေ့ထားတယ်လို့ သိရပါတယ်။

မြို့ခံကျောင်းသားမိဘတဦးက “သူတို့ကိုတော့ သီးသန့်ဆောင်မှာ ခေါ်သွားပြီး ကုသပေးတယ်ပေါ့နော်။ မနေ့ကလည်း စစ်ထားတာရှိတယ်။ အဖြေမထွက်သေးဘူး။ ကျနော်တို့စိတ်ပူတာက ကိုယ့်သားသမီးတွေပါ ကူးမှာကြောက်တာ။ ဘာလို့လဲဆို ကျောင်းက အခုထိမပိတ်ဘူး။ ကျနော်တို့သိထားတာက အရင်က ပိုးကူးစက်သူ တယောက်ရှိရင် အဲဒီတဝိုက်လော့ဒေါင်းချ၊ အဝင်အထွက်ပိတ် ၊ ဆေးဖျန်း အဲဒါမျိုးတွေလုပ်တယ်လေ၊။ အခုကဘာမှလည်းမလုပ်တော့ စိတ်ပူတာပေါ့ခင်ဗျ။ ကိုယ့်ကလေးကို ကျောင်းမလွှတ်တော့လည်း ကလေးက သူတို့သူငယ်ချင်းတွေကျောင်းသွားတော့ သူတို့လည်း သွားချင်တယ်၊ ကာကွယ်ဆေးလည်း အကုန်မထိုးပြီးသေးဘူး၊ ထိုးပြီးတဲ့သူလည်း ကူးစက်တာရှိတယ်”လို့ ပြောပါတယ်။

မိုင်းကိုင်အထကမှာ ကျောင်းသူကျောင်းသားပေါင်း ၂၀၀ ကျော်ရှိပြီး မိဘအုပ်ထိန်းသူတွေ စိုးရိမ်သလို ဆရာ/ဆရာမတွေလည်း ကိုဗစ်ပိုးကူးမှာ ပိုကြောက်ကြောင်း၊ ဒါပေမဲ့ အထက်အမိန့်အရ အလုပ်ဆင်းနေရတာလို့ ကျောင်းဆရာတဦးက ပြောတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးကတော့ - မိုင်းကိုင်မြို့မှာ မကြာခဏ လော့ဒေါင်းလုပ်ခဲ့ပေမဲ့  လူတွေကဂရုမစိုက်ဘဲ လမ်းပေါ်ထွက်နေကြောင်း ၊ ကျန်းမာရေး ဝန်ထမ်းတွေက လမ်းဆုံလမ်းခွတွေမှာ ကိုဗစ်-၁၉ စစ်ဆေးပေးနေတာကို အစစ်မခံဘဲ တခြားလမ်းက ရှောင်ထွက်သွားတာတွေ၊ ကျေးရွာတွေမှာ ကိုဗစ်-၁၉ ကိုအယုံအကြည်မရှိဘဲ သွားစစ်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထင်လွဲ တာတွေရှိနေလို့ ဝန်ထမ်းတွေလည်း ပင်ပန်းရကြောင်းနဲ့ အထကကျောင်းကို ဆေးသွားဖျန်းဖို့တော့ စီစဉ်နေကြတယ်လို့ ပြောသွားပါတယ်။

မိုင်းကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ လူပေါင်း ၂၄၈ ဦးကို စစ်ဆေးရာမှာ ပိုးတွေ့သူအသစ် ၄ ယောက်၊ သက်သာလို့ဆေးရုံဆင်းသူ ၆ ယောက် ရှိပြီး သေဆုံးသူမရှိဘူးလို့ သိရပါတယ်။ 

တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၈၀ ယောက် ရှိခဲ့ပြီး လက်ရှိ ဆေးကုသမှုခံယူနေရသူ  ၁၆ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013