DVB Logo
Home
မြန်မာသတင်း
အိုင်းစတိုင်း၏ နှိုင်းရတရားသီအိုရီလက်ရေးမူ စံချိန်တင်လေလံစျေး ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းရ
DVB
·
November 24, 2021
အိုင်းစတိုင်း၏ နှိုင်းရတရားသီအိုရီလက်ရေးမူ စံချိန်တင်လေလံစျေး ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းရ
Donate to DVB

၂၀ ရာစုရဲ့ မဟာဉာဏ်ကြီးရှင် ရူပဗေဒပညာရှင် အိုင်းစတိုင်းရဲ့ နှိုင်းရတရားသီအိုရီ လက်ရေးမူကို စံချိန်တင် လေလံစျေး ဒေါ်လာ ၁၃ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လေလံတင်ပွဲလုပ်ခဲ့တဲ့ အဲဒီလက်ရေးမူ မှတ်စုစာအုပ်မှာ သူ့ရဲ့ ကမ္ဘာကျော် နှိုင်းရတရား သီအိုရီ Theory of General Relativity ကို ၁၉၁၅ ခုနှစ်မှာ မထုတ်ဝေမီက ပြင်ဆင်ပြုစုခဲ့တဲ့ အရေးအသားတွေ ပါဝင်နေပါတယ်။

လေလံပွဲစီစဉ်သူ Christie's ကုမ္ပဏီက ဒီလက်ရေးမူမှတ်စုရဲ့ လေလံစျေးပမာဏကို ယူရို ၂ သန်း ၃ သန်းထိသာ ရရှိနိုင်မယ်လို့ ကနဉီးမှန်းဆခဲ့တာပါ။

အွန်လိုင်းကကျင်းပတဲ့ စျေးပြိုင်ပွဲမှာ စုဆောင်းသူနဲ့ ပရိသတ် လူ ၁၀၀ လောက် ပါဝင်ခဲ့ပြီး လေလံအမြင့်ဆုံးပေးပြီး ရယူသွားသူရဲ့  ကိုယ်ရေးအချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

စာမျက်နှာ ၅၄ မျက်နှာပါတဲ့ အဲဒီမှတ်စုကို ၁၉၁၃ နဲ့ ၁၉၁၄ ခုနှစ်တွေက အဲလ်ဘတ် အိုင်းစတိုင်း ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာနေထိုင်စဉ်အတွင်း ရေးသားခဲ့တာပါ။​

ဂျာမဏီနိုင်ငံဇာတိ ဂျူးလူမျိုးအိုင်းစတိုင်းဟာ ဂျူးတွေကို ရန်သူစာရင်းသွင်းထားတဲ့ နာဇီတွေလက်ထက် ၁၉၃၃ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ပါတယ်။ သူဟာ ကွမ်တမ် မက္ကင်းနစ်သီအိုရီအတွက်လည်း အဓိကအထောက်အကူပြုခဲ့သူအနေနဲ့ ၁၉၂၁ မှာ ရူပဗေဒနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ 

အသက် ၇၆ နှစ်အရွယ် ၁၉၅၅ မှာ ကွယ်လွန်ခဲ့ပြီး ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုင်းစတိုင်းဟာ သူ့ရဲ့ဟာသဉာဏ်ရွှင်မှုနဲ့ ဖရိုဖရဲ ဆံပင်ပုံစံတွေကြောင့်လည်း အများပြည်သူကြားမှာ ထင်ရှားကျော်ကြားတဲ့ ရူပဗေဒပညာရှင်တယောက်ဖြစ်ပါတယ်။ 

Image : Creative Commons License

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013