DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် အန်အယ်လ်ဒီထောက်ခံသူသည့် တောင်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
November 24, 2021
ခင်ဦးမြို့နယ်တွင် အန်အယ်လ်ဒီထောက်ခံသူသည့် တောင်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီထောက်ခံတဲ့  အပြစ်မဲ့ တောင်သူ   ၇ ယောက်ကို  နိုဝင်ဘာ ၂၄ ရက် မနက်မှာ   စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေ့သူတွေထံက သိရပါတယ်။

“လယ်တောသွားကြည့်ရင်း လာဖမ်းခံရတာ။ ဘာလို့ အဖမ်းခံရတာလဲဆိုတော့ ကျနော်သိရ သလောက်တော့ အရင်က အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေတော့ ဟုတ်တယ်ဗျ။ အခုဟာက သူတို့ အေးအေးဆေးဆေးဘဲ၊ တောင်သူလုပ်ငန်း လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေဘဲရယ်။ ဘယ်အဖွဲ့အစည်းမှ ပါဝင်ပက်သက်ခြင်း မရှိဘူး။ ပြောစရာဆိုလို့ အရင်က အန်အယ်လ်ဒီ ပါတီထောက်ခံမဲ ပေးခဲ့တာပဲရှိတယ်”လို့ လယ်တောနီးချင်းတစ်ဦးကပြောပါတယ်။

အဆိုပါ ပျဉ်ထောင်ကျေးရွာဟာ ပျူစောထီးကြီးစိုးတဲ့ကျေးရွာဖြစ်ကာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်ပါတယ်။

စစ်တပ်သတင်းပေးပျူစောထီးတွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေးရ မတည့်တဲ့ ရွာသားတွေကို  PDF လို့စွပ်စွဲပြီး စစ်တပ်ကိုသတင်းပေးဖမ်းခိုင်းတာကြောင့်  ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီ ထောက်ခံသူ ၁၅ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုဆိုရင် ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံခဲ့တဲ့ ဒေသခံတွေဟာ ပျူစောထီးရန်ကို ကြောက်ရတာကြောင့် နေအိမ်ကနေရှောင်ပုန်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013