DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်က မိုင်တဲလ်တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရ (ရုပ်သံ)
DVB
·
November 23, 2021
ရေစကြိုမြို့နယ်က မိုင်တဲလ်တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံရ (ရုပ်သံ)
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတေမျှော်ကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် နိုဝင်ဘာ ၂၂ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က ဗုံးခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက ''ဗုံးကွဲသံကြားလိုက်ရပြီးတော့။ တိုင်ကြီးကိုလဲကျသွားတာ ကြည့်လို့တော့အကောင်းသားဗျ။ တော်တော်ပြင်းမယ့်ပုံပဲ'' လို့ ပြောပါတယ်။

အဆိုပါဗုံးခွဲဖျက်ဆီးမှုကို သိန်းငှက်ပြောက်ကျားအဖွဲ့က ပြုလုပ်ခဲ့တာလို့ တာဝန်ခံဖြစ်သူက အတည်ပြုပြောပါတယ်။

''ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းက မိုင်တဲလ်ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းအားကျလာတာ။ အခုလပိုင်းတွေဆို သိသိသာသာကို လျော့သွားတယ်။ တချို့မြို့နယ်တွေမှာဆိုရင် အခြားအော်ပရေတာတွေကို အင်တာနက်ပိတ်ထားပြီး မိုင်တဲလ်တခုပဲ အင်တာနက်ဖွင့်ပေးထားတဲ့ မြို့နယ်တွေလောက်ဘဲ ရောင်းအားရှိတယ်'' လို့ မကွေးမြို့က ဖုန်းဆင်းကတ်အရောင်းဆိုင် ဝန်ထမ်းတဦးက ပြောပါတယ်။

နိုင်ငံတဝန်းလုံးမှာ မိုင်တဲလ်တာဝါတိုင် ၃၀၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့ မှတ်တမ်းပြုစုထားတဲ့အဖွဲ့ဆီက သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးကလည်း ''ကျနော်တို့တွေ အခုလို မိုင်တဲလ်တာဝါ တိုင်တွေ လိုက်ဖျက်နေရတာကလည်းတပိုင်းပေါ့။ ပြည်သူတဦးချင်းစီအနေနဲ့လည်း ဖက်စစ်စစ်တပ်ရဲ့ မိုင်တဲလ် အပါအဝင်အခြားပစ္စည်းတွေကို မသုံးစွဲကြဘဲ စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်ကြပါလို့ တောင်းဆိုချင်ပါတယ်'' လို့ ပြောပါတယ်။

Justice for Myanmar ရဲ့ မှတ်တမ်းအရ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီဟာ နိုင်ငံတဝန်းမှာ မိုင်တဲလ်တာဝါတိုင် ၁၂၀၀၀ လောက် စိုက်ထူခွင့်ရထားပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မိုင်တဲလ် ကုမ္ပဏီဟာ ၃ လအတွင်း ဒေါ်လာ ၂၄.၉ သန်း ထိခိုက်ဆုံးရှုံးပြီး သုံးစွဲသူဦးရေ ၂ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ နိုဝင်ဘာလဆန်းပိုင်းမှာ မိုင်တဲလ်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013