DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြမှုကြောင့် ထိုင်းသွားမည့်ခရီးသည် ထက်ဝက်ကျဆင်း
DVB
·
January 14, 2014
ဆန္ဒပြမှုကြောင့် ထိုင်းသွားမည့်ခရီးသည် ထက်ဝက်ကျဆင်း
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားမယ့် ခရီးသည်တွေရဲ့ အရေအတွက်က ထက်ဝက်ကျော် ကျဆင်းနေတယ်လို့ လေကြောင်းလိုင်းနဲ့ လေယာဉ်လက်မှတ် အရောင်း အေဂျင်စီတွေက ပြောဆိုလိုက်ပါတယ်။

myanmar airwayအရင်နှစ်တွေကဆိုရင် အခုလို ရာသီချိန်ကာလမှာ ပြည်တွင်းက ခရီးသွားတွေအနေနဲ့ ပြည်ပနိုင်ငံတွေဆီ သွားရောက် လည်ပတ်ကြ တာ ဖြစ်လို့ လေကြောင်းလိုင်းတွေက အရောင်းမြှင့်တင်တဲ့ ကာလတခုလို သတ်မှတ်ပြီး ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံဆီ သွားရောက်ဖို့ ရှိတဲ့ ခရီးသည်တွေရဲ့ အရေအတွက်က ကျဆင်းမှုရှိနေတယ်ဆိုပေမယ့်လည်း ခရီးစဉ်လျော့ချ လိုက်ရတာမျိုးတော့ မရှိသေးဘူးလို့ အမ်အေအိုင် လေကြောင်းလိုင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်အေးမရသာက ဒီဗွီဘီကို ပြောပါတယ်။

MAI လေကြောင်းလိုင်းအနေနဲ့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို မနက်နဲ့ညတနေ့ကို ၂ ကြိမ် ပုံမှန် ပျံသန်းပေးနေပြီး လက်ရှိအချိန်ထိ ခရီးစဉ်ဖျက်လိုက်ရတဲ့ အခြေအနေမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီ့နောက် ပြည်ပခရီးစဉ်အတွက် လေယာဉ်လက်မှတ်အရောင်းအေဂျင်စီဖြစ်တဲ့ Columbus Travel & Tour က အထွေထွေမန်နေဂျာ ကိုလှမျိုးကလည်း အရောင်းအ၀ယ် ကျဆင်းသွားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံဆီလာရောက် လည်ပတ်မယ့် ပြည်တွင်းခရီးသွား ဧည့်လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ Ruby Land နိုင်ငံတကာခရီးသွားလုပ်ငန်းကုမ္ပဏီ လီမိတက်က အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

အပြည့်အစုံနားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013